Episode-17

30.7K 2.7K 139
                                    

(ZAWGYI)
  
မိုးမြေသည်ပန်းမှူးထင်ထားသည်ထက် ပို၍ ဆက်ဆံရေးကောင်းလှသည်။စကားပြောရသည်မှာအဆင်ပြေသည်။အမြဲတစေ ပြုံးနေတတ်ကာ ကလေးဆန်ဆန်ပြောဆိုတတ်သည်။အလိုမကျလျှင်လည်း ပွင့်ပွင့်လင်းလင်းပြောတတ်ကာ သဘောကျလျှင်လည်း တခစ်ခစ်ရယ်မောတတ်သေးသည်။ကလေးနှင့်အဆင်မပြေဟုဆိုသော်လည်း အမြွှာလေးနှစ်ယောက်နှင့် တစ်ရက်အတွင်းအပေါင်းအသင်းများဖြစ်သွားလေသည်။

ထိုနည်းတူ ဆက်ဆံရေးကောင်းကာ တော်ရုံမငိုတတ်သည့် ကလေးနှစ်ယောက်သည်လည်းမိုးမြေနှင့်အဆင်ပြေလှသည်။မိုးမြေ၏လက်ပေါ်တွင် ငြိမ်နေပြီး အဖော်တစ်ယောက်တွေ့သည်နှယ် ပျော်နေကြသေးသည်။ ပန်းမှူးသည် ထင်သလောက်မဆိုးသော အခြေအနေကြောင့ိတ်အေးရသည်။မိုးမြေရောက်လာ၍ ကလေးနှစ်ယောက်အား အဖော်ပြုပေးသည့်အတွက် အတော်လေးကိုအဆင်ပြေလှ၏။

ညရောက်သည့်အထိ သန်းခေါင်သည် အခန်းထဲမှ ထွက်မလာချေ။ထမင်းလည်းထွက်မစားသည်မို့ ပန်းမှူးမှာ စိတ်ထဲတစ်မျိုးဖြစ်လာရသည်။အပြင်ကပြန်လာပြီးကတည်းက ဘာဖြစ်သွားမှန်းမသိ။နေ့ခင်းပြန်လာကတည်းကမျက်နှာကသိပ်မကောင်းပေ။ပန်းမှူးသွား၍ မေးရန်လည်း စိတ်မကူးမိ။ သန်းခေါင်၏ စိတ်က ပုံမှန်နှင့်မတူ။ မထင်လျှင်မထင်သလို အော်ငေါက်ကာ ပြဿနာရှာတတ်သေးသည်။ထို့ကြောင့်ပန်းမှူးသည် ရမ်းသမ်းကာ မသွားချင်။ သန်းခေါင်ထွက်လာသည့်အချိန်ကိုသာစောင့်နေလိုက်သည်။

သူသည်လည်းမအိပ်ချင်သေးသည့်အတွက်ကြောင့် ထမင်းစားခန်ထဲသို့ဝင်ကာ မုန့်စား၍ laptop တစ်လုံးနှင့် internet သုံးနေလိုက်သည်။ကလေးနှစ်ယောက်လည်း အိပ်နေပြီဖြစ်၍ ပန်းမှူး၏ အားလပ်ချိန်သို့ရောက်လာပြီဖြစ်လေ၏။

ပန်းမှူးသည် online ပေါ်မှ တခြားသောအကြောင်းအရာများအား ကြည့်ပြီးနောက် သူသည် funny video များအား အပျင်းပြေကြည့်နေလိုက်သည်။ထိုစဉ်ပန်းမှူးသည် account တစ်ခုမှ တင်ထားသည့် ဓာတ်ပုံအားမြင်လိုက်ရသည်။

ဓာတ်ပုံထဲမှ လူသည် တခြားလူမဟုတ်။ သန်းခေါင်ပင်ဖြစ်သည်။ဝတ်စားထားသည့်ပုံစံအရယနေ့ ပုံဖြစ်နေ၏။ ဘေးနာတွင် အုပ်စိုးရာဇာကလည်းရှိနေကာ နှစ်ယောက်သား bar တစ်ခုမှထွက်လာသည့်ပုံဖြစ်သည်။ထို့ကြောင့်ပန်းမှူးသည် သန်းခေါင်အား မမေးမိသော်လည်းယနေ့သွားသော နေရာအား သိလိုက်ရပြီဖြစ်သည်။

The Billionaire HusbandМесто, где живут истории. Откройте их для себя