Episode-42 [END]

68K 3K 254
                                    

(ZAWGYI)
  
အနက်ရောင်ဆိုဖာပေါ်ပက်လှန်ကာ မျက်နှာကျက်၌ ရှိနေသော မှန်မှတစ်ဆင့်အပြင်ဘက်သို့ငေးကြည့်နေမိသည်။ ယခုဆိုလျှင် အားလုံးကအေးချမ်းနေပြီဖြစ်သည်။ပြဿနာလည်းမရှိတော့သလို စိုးရိမ်ပူပန်စရာကလည်းမရှိတော့ပေ။ပန်းမှူးသည်လည်း နားနားနေနေဖြစ်ကာ သန်းခေါင်နှင့်ပို၍ ပို၍ အဆင်ပြေလာသည်။

ထို့နောက်သူသည် ဘယ်ဘက်လက်လေးကိုထောက်ကာ လက်သန်းကြွယ်၌ဝတ်ဆင်ထားသော လက်စွပ်လေးကို ကြည့်နေမိသည်။ငွေရောင်တလဲ့လဲ့ လက်စွပ်လေးသည် နေရောင်နှင့်ထိတွေ့သည့်အခါတောက်ပနေပြီး လက်စွပ်၏ အပေါ်နားလေး၌ မြုပ်နှံထားသော စိန်များကလည်းတလဲ့လဲ့နှင့် ဖြစ်နေသည်။စိန်များသည် မကြီးဘဲ အလွန်မှသေးငယ်ကာ စီးတန်း၍ မြုပ်နှံထားသောကြောင့် ရိုးရှင်းနေသလိုလိုနှင့်ဆန်းပြားနေလေသည်။

ထို့အပြင် အမြင်အေးကာ ကြည့်လိုက်ရုံနှင့် တန်ဖိုးကြီးမားမှန်းသိသာလှသည်။ လက်စွပ်၏ဈေးနှုန်းအား သိချင်၍ ပန်းမှူးသည် Social Madia ပေါ်၌ရှာကြည့်ဖူးသည်။သို့သော် လက်စွပ်မှာ ဆိုင်တွင်ရောင်းချသောလက်စွပ်မဟုတ်ဘဲ ကိုယ်တိုင် design ဆွဲကာ ပြုလုပ်ထားသော တစ်ခုတည်းသော လက်စွပ်ဖြစ်နေလေသည်။

ဤ အကြောင်းကိုလည်း သန်းခေါင်ကိုမေးကြည့်မှသိသည်။ ပန်းမှူးဘာသာဆို သိလိမ့်မည်မဟုတ်။သန်းခေါင်သည်လည်း အတင်းမေးကာမှ ဖြေပေး၏။ ပန်းမှူးသည် သူ၏ လက်တွင်နေရာယူထားသော လက်ထပ်လက်စွပ်လေးအား ကြည့်ကာ ပြုံးမိသည်။

သူသည် ထိုလက်စွပ်ကလေးအားကြည့်၍ အမြဲတမ်းပြုံးနေမိသည်။ထို့အပြင် သူ့တွင်သက်ဆိုင်သူရှိသွားပြီဆိုသော အသိက ပို၍ ပျော်ရွှင်စေသည်။ပန်းမှူးသည် လွန်ခဲ့သော နှစ်တလျောက်လုံး တစ်ယောက်တည်းသာဖြတ်သန်းခဲ့ရသည်။အဖော်မရှိ ၊ ဆွေးနွေးတိုင်ပင်နိုင်သော ၊ဂရုစိုက်ပေးနိုင်သော၊နွေးထွေးမှုအားပေးနိုင်သော လူမှာ အနားတွင်လုံးဝမရှိ။ထို့အပြင်ချစ်သူရည်းစားလည်းမရှိ။ သူသည် မွေးရာပါချို့ယွင်းချက်ကြောင့် ချစ်သူရည်းစားမထားဖြစ်ခဲ့ပေ။

ချစ်သူမိန်းကလေးတစ်ယောက်ကို လက်ထပ်လိုက်လျှင်လည်း သူသည် မိသားစုဘဝမပေးနိုင်သော ယာကျာ်းလေးတစ်ယောက်ဖြစ်သည်။ထိုအရာအား မိန်းကလေးဘက်မှလက်ခံနိုင်လိမ့်မည်မဟုတ်။မိန်းကလေးတိုင်း မိခင်ဖြစ်ရမည့်အခိုက်အတန့်အားမျှော်လင့်မိကြသည်။သို့ဖြစ်၍ ပန်းမှူးသည် သူ၏ ချို့ယွင်းချက်ကြောင့် တစ်ဖက်လူ၏ ဘဝအားမထိခိုက်စေချင်၍ လာရောက်၍ ချစ်ရေးဆိုသော မိန်းကလေးများကိုတောင်ငြင်းပစ်ခဲ့ဖူးသည်။

The Billionaire HusbandWhere stories live. Discover now