Episode-32

29.1K 2.5K 111
                                    

(ZAWGYI)
  
ကလေးနှစ်ယောက်၏ တရားဝင်မြစ်အဖြစ်သတ်မှတ်ခြင်းခံရသော သတင်းထက် ပန်းမှူး၏ အမျိုးသားကိုယ်ဝန်ဆောင်ဆိုသော သတင်းကပို၍ လူစိတ်ဝင်စားလေသည်။ ပထမတွင် ပန်းမှူးအား ကလေးအဖေဖြစ်ပြီး သန်းခေါင်မင်းထင်ကို အပိုင်ချိုင်သည်ဟု ပြောထားသော စကားလုံးများသည်လည်းပျောက်ကွယ်သွားလေသည်။

အများစုသည် သန်းခေါင်မင်းထင်မှာ ကလေးအဖေဖြစ်သွား၍ ဝမ်းနည်းကြေကွဲကြရသော်လည်း လူတစ်စုမှာတော့ အမြွှာလေးနှစ်ယောက် စောင့်မည်ဟု၍ ကြွေးကြော်နေသေးသည်။သို့သော် သန်းခေါင်မင်းထင်မှာ ကလေးအဖေဖြစ်သော်ငြား အိမ်ထောင်သည်မဟုတ်၍ လက်မလျော့ဟုဆိုသော တစ်သိုက်ကလည်း ရှိနေသေးသည်။ထို့အပြင် သန်းခေါင်နှင့်ပန်းမှူးကို အတင်းပေးစားကာ လိုက်ဖက်သောမိသားစုဟုဆိုနေသေးသည်။

ပန်းမှူးမှာ များစွာသော မှတ်ချက်များကို လျစ်လျူရှု့ထားကာ ကလေးနှစ်ယောက်နှင့်ဆော့ပေးနေလိုက်သည်။ပိစိကလေးများအား တစ်ယောက်တစ်လှည့်စီ ချိုင်းအောက်မှကိုင်ထားပေးပြီး လမ်းလျောက်စေသည်။

သေးငယ်လှသော ဖိနပ်ကလေးများကို စီးပေးထားကာ လမ်းလျောက်နေသော အမြွှာလေးသည် အားကြိုးမာန်တက်ဖြစ်နေလေ၏။

"ဖြည်းဖြည်းလျောက်ပါကွာ ၊ တက်ကြွနေတာလား ပိစိလေး"

ပန်းမှူးမှာ ကလေးနှစ်ယောက်အား လမ်းလျောက်သင်နေရင်းဘောင်းဘီအိတ်ထဲမှဖုန်းဝင်လာ၍ထုတ်ကြည့်ရာ ဟိန်းထက်ဖြစ်နေလေ၏။ပန်းမှူးမှာ ဖုန်းမကိုင်ရသေးခင် အနည်းငယ်စိတ်လှုပ်ရှားနေမိသည်။ဟိန်းထက်သည်လည်း ထိုသတင်းအား မြင်ပြီးလောက်ပြီဖြစ်၍ ပန်းမှူး သက်ပြင်းချလိုက်မိသည်။

"အစ်ကို သတင်းတွေက ဘယ်လိုတွေတုန်းဗျ။အဲ့တာတကယ်ပဲလား"

"အင်း ငါမင်းကိုတောင်းပန်ပါတယ်။ဖုံးကွယ်ထားလိုက်တာ"

"ဟာဗျာ ကျွန်တော့်ကိုတောင်းပန်စရာမလိုပါဘူး။ ဒီတိုင်း ထူးဆန်းလွန်လို့ အံ့သြသွားတာ၊ဒါဆို အစ်ကိုရဲ့သားလေးက သန်းခေါင်မင်းထင်ရဲ့သားပေါ့"

"အင်း ဟုတ်တယ်"

"အာ ကျွန်တော့်ကိုရှက်စရာမလိုဘူးနော်။အစ်ကို အဆင်ပြေအောင်သာ ။ ဒါနဲက တစ်ချိန်လုံး သူနဲ့ရှိနေတာလား"

The Billionaire HusbandNơi câu chuyện tồn tại. Hãy khám phá bây giờ