Episode-40 •

39.4K 2.6K 187
                                    

(ZAWGYI)
  
မနက်တွင်ကျရောက်မည့် အမြွှာလေးနှစ်ယောက်၏ မွေးနေ့ကြောင့် အိမ်၌ အားလုံးပြင်ဆင်နေကြကာ မအားလပ်ဖြစ်နေသည်။ တစ်နှစ်ပြည့်မွေးနေ့မတိုင်ခင် ပြဿနာအာလုံးပြီးစီးသွားသည့်အတွက်လည်း စိတ်အေးသွားရ၏။

သန်းခေါင်က အခန်းထဲ၌နေကာကလေးနှစ်ယောက်အတွက်မွေးနေ့လက်ဆောင်အား ပြင်ဆင်နေ၏။ ထိုလက်ဆောင်အား ပန်းမှူးကိုလည်းအသိမပေး။မည်သို့မှအသိမပေးဘဲ စီစဉ်ထားသည်။

ိထိုလက်ဆောင်သည်လည်း ကလေးနှစ်ယောက်အတွက်အတော်လေးသင့်တော်မည်ဟုထင်မိသည်။

သန်းခေါင်သည် laptop တစ်လုံးနှင့် အလုပ်ရှုပ်နေဆဲ အခန်းတံခါးဖွင့်သံကြောင့် ခေါင်းထောင်မိသွားသည်။အခန်းထဲသို့ လာရာလမ်းအားလှမ်းကြည့်နေစဉ် သေးငယ်လှသော ကောင်လေးနှစ်ယောက်သည် ရွေ့စိရွေ့စိနှင့်ဝင်လာလေသည်။

အင်္ကျီဆင်တူကလေးအားဝတ်ထားကာ သူ၏ အနားသို့ရောက်လာကြသော ပေါက်စလေးနှစ်ယောက်ကြောင့် သန်းခေါင်က သဘောတကျပြူံးရင်း ထိုင်ခုံပေါ်မှဆင်းကာ ကလေးနှစ်ယောက်အား လက်ဆန့်တန်းပေးနေလိုက်သည်။

ဖေ့!

ဖေ့!

ကလေးနှစ်ယောက်၏ ခေါ်သံကြောင့် သန်းခေါင်သည် မျက်လုံးပြူးသွားကာ အံ့သြသွားလေသည်။ သူ့အား ဖေ့ ဟုခေါ်ရင်းအနားရောက်လာသော ကောင်လေးနှစ်ယောက်သည် တတွတ်တွတ်ခေါ်ရင်း ဖခင်၏ ရင်ခွင်ထဲသို့အတင်းတိုးဝင်ကြလေသည်။

ဖေ့

ဖေ့

ရင်ခွင်ထဲရောက်သည့်တိုင် ဖေ့ ဟုခေါ်နေဆဲဖြစ်သည့်ကောင်လေးနှစ်ယောက်ကြောင့် သန်းခေါင်က မော့ကြည့်ရာ အနောက်တွင်ပါလာသည့်ပန်းမှူးကလက်ပိုက်ကာ ပြုံးနေလေသည်။

ထို့နောက်ပန်းမှူးက လက်ပိုက်လျက် မျက်ခုံးတစ်ဖက်ပင့်ကာဆိုလေသည်။

"ငါသင်ပေးထားတာလေ တော်တယ်မလား"

သန်းခေါင်က အံ့သြသွားကာ

"ကျွန်တော့်ကိုခေါ်တာလား"

"ဟ မင်းကိုမခေါ်လို့ဘယ်သူ့ကိုခေါ်ရမှာလဲ။သူတို့အဖေမို့ ခေါ်တာကို မင်းကအဖေမဟုတ်ဘူးလား"

The Billionaire HusbandWhere stories live. Discover now