(ZAWGYI)
"မိုးမြေမရှိတော့ဘူး ဟုတ်လား ? သူပြန်သွားတာလား အန်တီလဲ့""ဟုတ်တယ် ။ မနေ့က ထွက်သွားတယ် ၊ နောက်မှဆက်သွယ်လိုက်မယ်တဲ့"
်အန်တီလဲ့၏ စကားကြောင့်ပန်းမှူးသည် ဆိုဖာပေါ်တွင် ငူငိုင်ကာထိုင်နေမိသည်။မိုးမြေက ဘာကြောင့်များ မနှုတ်ဆက်ဘဲ ထွက်သွားသလဲမသိ။မနေ့ကအထိ အကောင်းကြီးကို။သန်းခေါင်နှင့်ရန်ဖြစ်တာကိုများ စိတ်ဆိုးသွားလားပန်းမှူးမသိတော့ချေ။
တကယ်တမ်းလည်း ရန်ဖြစ်ပြီးသည့်နောက် မိုးမြေသည် တစ်နေ့လုံးအခန်းထဲမှမထွက်ပေ။သူလည်း သာမာန်ဟုသာထင်လိုက်ပြီး သွား၍မမေးဖြစ်။ ပန်းမှူးမှာ တွေးကြည့်လျှင်စိတ်မကောင်းဖြစ်ရသည်။ ၁လကျော်အတွင်း မိုးမြေနှင့်သူသည် ညီအစ်ကိုများပမာရင်းနှီးခဲ့သည်။တစ်ယောက်အကြောင်းတစ်ယောက်သိခဲ့ရသည်။ဒီကြားထဲတွင်လည်း မိုးမြေက သူ့ကိုအကူအညီများပေးခဲ့သည်။
ယခုလို ရုတ်တရက် ထွက်သွားသည့်အတွက်ကြောင့်ပန်းမှူးမှာ ဆိုးလွန်းသည့်ကောင်လေးအား စိတ်တိုရသည်။ဘာပဲဆိုဆို ပြန်မည့်အကြောင်းကိုတော့ ပြောပြသင့်သည့်မဟုတ်လား။
ပန်းမှူးမှာ အိမ်ထဲမှအိမ်ပြန်ထွက်ရန်မသေချာပေ။ဦးဓနကလည်း မထွက်ခိုင်းသလို သန်းခေါင်ကလည်းသူ့ကို အပြင်ထွက်ရန်မပြော။ အိမ်ထဲတွင်သာနေစေသည်။
ထို့ကြောင့်သူသည် မိုးမြေနှင့်နောက်တစ်ခါတွေ့ရန် အချိန်အတော်ကြာဦးမည်ဟုထင်မိသည်။မိုးမြေသည်လည်း သန်းခေါင်၏ အိမ်ကို ထပ်မံလာမည်မဟုတ်တော့ဟု သူထင်မိသည်။
ပန်းမှူး၏ မှိုင်နေသည့်မျက်နှာကြောင့်အန်တီလဲ့ကပြုံး၍
"တွေ့ချင်ရင် နောက်မှဆက်သွယ်ကြည့်လိုက်လေ"
"ဟုတ်ကဲ့"
ပန်းမှူး၏ ခန္ဓာကိုယ်သည် ပုံမှန်တိုင်းမဖြစ်သေးပေ။ သူသည် ပထမဆုံး အကြိမ်ဖြစ်၍ နာကျင်မှုအား ခံစားနေရဆဲဖြစ်သည်။သို့သော် ပုံပျက်လောက်အောင်အထိတော့မဖြစ်။သာမာန်အတိုင်းသာ မူမပျက်စေရန် နေလိုက်သည်။
သူ၏ အကြောင်းကိုလည်း အန်တီလဲ့က သိနေလောက်ပြီဖြစ်သည်။သန်းခေါင်နှင့် ဘန်ဂလိုမှအတူပြန်လာသည့်ပန်းမှူး၏ ပုံစံသည်ဖျော့တော့နေကာ နှေးကွေးနေသည့်အတွက် အန်တီလဲ့သည်လည်းသဘောပေါက်လောက်သည်။သို့သော် သူမကထုတ်မပြော၍ ပန်းမှူးမှာ စိတ်သက်သာရာ ရသည်။ အန်တီလဲ့သာ ထိုအကြောင်းအား ပြောလျှင် သူရှက်လွန်း၍ အခန်းထဲမှတောင်ထွက်ရဲတော့မည်မဟုတ်။