Episode-38

28.6K 2.5K 156
                                    

(ZAWGYI)
  
ပန်းမှူးသည် ခုတင်ပေါ်၌ လဲလျောင်းနေရင်း မျက်နှာကျက်ကို ကြည့်နေမိသည်။ အခန်းထဲ၌ အပြာရောင် မီးအလင်းရောင်သာရှိ၍ အနည်းငယ်လည်း တိတ်ဆိတ်နေသေးသည်။ထို့အပြင် ထူးဆန်းသော အနံ့များကိုလည်း ရှူမိနေသေးသည်။

သူသည် ဒီအခန်းထဲသို့ရောက်လာသည်မှာ၁ပတ်ကျော်ခန့်ရှိပြီ။သို့သော် ရက်အတိအကျကို သူမသိ။ အပြင်လည်းမထွက်ရ၊နာရီလည်းမကြည့်ရဘဲ ခုတင်ပေါ်၌သာအချိန်ပြည့်လဲလျောင်းနေရသည့်အတွက်အချိန်ကာလကိုလည်းသူမသိတော့ပေ။

ပန်းမှူးမှာ ခြေလက်မျာမှာ ခုတင်နှင့်တွဲချည်ခံထားရ၍ ထ၍မရ။ ထွက်ပြေးလည်းမရဘဲ တစ်ယောက်ပြီးတစ်ယောက်လာ စမ်းသပ်သမျှကို ငြိမ်ခံနေရသည်။သူသည် မည်သည့်အချိန်၌ သေဆုံးသွားမလဲကို တွေးရင်းကြောက်လန့်မိသည်။

သူ၏ သွေးသားလေးများကိုလည်း ထပ်မတွေ့ရတော့မည်ကို ကြောက်မိသည်။ကလေးနှစ်ယောက်မှာ သူ့အားမတွေ့၍ ငိုနေမလား။သန်းခေါင်မင်းထင်ကရော သူ့ကိုရှာနေမလားတွေးရင်း မျက်ရည်များသည် မျက်လုံးထောင့်မှ စီးလာကာ ခေါင်းအုံးပေါ်သို့ကျသွားလေသည်။

များစွာသော စမ်းသပ်မှုများကြောင့်သူသည်ကြာကြာမသက်ဆက်၍ရှည်နိုင်တော့မည်မဟုတ်။သူ၏ ကိုယ်အတွင်းမှထုတ်ယူသွားသော သွေးများ၊ရိုးတွင်းချဉ်ဆီများ၊သွေးဖြူအုများကြောင့် တဖြည်းဖြည်းသူသည် အားနည်းလာကာ ခံနိုင်ရည်လည်းကျဆင်းလာ၏။

သို့သော် ထိုသို့ဖြစ်သည့်အခါမျိုးတွင် အသက်အရွယ်အနည်းငယ်ကြီးသော လူက အနားရောက်လာကာ ပန်းမှူးကိုဆေးထိုးပေးလေ့ရှိသည်။ထိုဆေးထိုးပြီးလျှင် အမြဲတမ်း ပန်းမှူးမှာ အိပ်ပျော်သွားတတ်သည်။အိပ်မက်လည်းမမက်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အနားယူရသည်။ထို့နောက် အချိန်အတော်အသင့်ကြာပြီးသောအခါ သူသည် ပြန်နိုးလာတတ်ပြီး ထိုသို့နိုးလာသည့်အခါ နာကျင်မှုများကို မခံစားရတော့ဘဲ လူကောင်းတစ်ယောက်လိုဖြစ်သွားတတ်သည်။

ထိုအချင်းအရာကို ပန်းမှူးအကြောက်ဆုံးဖြစ်သည်။ အနာပေးလိုက်၊ဆေးပေးလိုက်နှင့်သူအား နည်းမျိုးစုံစမ်းသပ်နေသည်ကို ခံနေရသည်မှာ အတော်လေးထိတ်လန့်စရာကောင်း၏။

The Billionaire HusbandWhere stories live. Discover now