Episode-7

37.3K 3.1K 219
                                    

(ZAWGYI)
  
ပန်းမှူးသည် ကလေးများအိပ်နေသည့်အတွက် ထုံးစံအတိုင်း အခန်းအပြင်သို့ထွက်လာခဲ့သည်။သူသည် အခန်းအပြင်သို့ထွက်သည်မှာအတော်လေးရှားသည်။ကလေးနှစ်ယောက်နှင့်မို့မထွက်ဖြစ်တာလည်းပါသည်။

ပန်းမှူးတို့နေသည့် အခန်းကလည်းအတော်လေးကျယ်ဝန်းလှသည်။ပန်းမှူးအရင်နေခဲ့သည့်တိုက်ခန်းထက်အဆမတန်ကြီးနေသေးသည်မို့သူ့အတွက်တော့ အိမ်တစ်လုံးနှင့်တောင်တူနေသေးသည်။

ကလေးတွေကလည်း ထားခဲ့၍မရ။ပန်းမှူးကိုမမြင်ရလျှင် ငိုချင်ကြသည်။အသံလေးများထွက်လာတတ်သည်။တစ်ခါတရံ အော်ဟစ်ကာ မောသည့်အထိငိုတတ်သေး၏။

အခုလည်းပန်းမှူးသည် အပြင်မှ ဧည့်ခန်းထဲသို့ထွက်လာလိုက်သည်။သန်းခေါင်၏ အိမ်တွင်ဧည့်ခန်းပေါင်းများစွာရှိသည်။များပြားလှသည့်အနက်ရောင်ဆိုဖာများလည်းရှိသေးသည်။

ပန်မှူး အရင်တစ်ခါသွားထားသော ဧည့်ခန်ူလေးထဲသို့ဝင်ကာ ဆိုဖာပေါ်တွင် ထိုင်နေလိုက်၏။ထို့နောက် ဆိုင်မှဝန်ထမ်းကောင်လေးဖြစ်သည့် ဟိန်းထက်ကိုဖုန်းဆက်လိုက်သည်။

"အစ်ကိုတော့ ကြာဦးမယ် ။ မင်းကိုပဲဆိုင်အပ်ထားမယ်"

"ဟုတ်လားအစ်ကို ၊ ကျွန်တော်က မကြာခင်ပြန်လာမယ်ထင်နေတာဗျ"

ဟိန်းထက်၏ အသံကြောင့် ပန်းမှူးသည် အနည်းငယ်စိတ်မကောင်းဖြစ်သွားရသည်။ သွေးမတော်မသားမစပ်သော်ငြား ဟိန်းထက်သည်သူ၏ ညီလေးတစ်ယောက်လိုပင်ဖြစ်သည်။

သို့သော် ယခုဖြစ်ပျက်နေသည့် အဖြစ်အပျက်ကိုဖွင့်မပြောဖြစ်တာကိုလည်း အားနာလှသည်။

"ကိစ္စလေးရှိတာနဲ့ မလာဖြစ်တာ ။ မင်းရောအဆင်ပြေတယ်မလား"

"ပြေတယ်ဗျ ။ အစ်ကို့ကိစ္စကိုသာပြီးအောင်လုပ်ပါဗျာ ကျွန်တော်က အဆင်ပြေတယ် ၊ ငွေတွေကိုလဲ ကျွန်တော် အစ်ကို့ Account ထဲလှမ်းပို့ပေးထားမယ်"

"အင်း ကျေးဇူးပဲဟိန်းထက်"

"မလိုပါဘူးဗျာ ရပါတယ် ။ အားနာစရာလူတွေမှမဟုတ်ဘဲ"

ဖုန်းချပြီးနောက် ပန်းမှူးသည် ငေးငိုင်နေမိသည်။ဘေးမျက်နှာစာသည် မှန်ကိုသာကာထား၍ အပြင်ဘက်တောအုပ်ကိုရှင်းရှင်းလင်းလင်းမြင်နေရသည်။ ပန်းမှူးလည်း ထိုင်ရမှ ထကာ ထိုမှန်အနားသို့သွားလိုက်သည်။

The Billionaire HusbandWhere stories live. Discover now