Episode-26

29.5K 2.5K 202
                                    

(ZAWGYI)
  
"ခင်ဗျားကျုပ်ကို gay အောင်လုပ်ခဲ့တာ ဦးဓနမင်းထင်က ခိုင်းတာကြောင့်လား "

ခပ်တည်တည်နှင့်မေးလာသည့် သန်းခေါင်၏ မေးခွန်းကြောင့် ပန်းမှူး၏ မျက်နှာသည် အနည်းငယ်ပျက်ယွင်းသွားလေသည်။ကြည့်ရသည်မှာ ဦးဓနနှင့် သူပြောလိုက်သော စကားများကို ကြားသွားပုံရသည်။မနက်ကအထိ အဆင်ပြေနေသည့်သန်းခေါင်က ယခုတွင် မျက်မှောင်ကြုတ်ကာ မျက်နှာကလည်း တင်းနေ၍ ပန်းမှူးမှာ သက်ပြင်းချလိုက်ရသည်။

"မင်းသိပြီးပြီမလား"

"ဘာလို့လဲ? ခင်ဗျားဘာလို့အခုလိုလုပ်တာလဲ"

"မင်းဘာကိုဆိုလိုတာလဲ"

ပန်းမှူးက မေးရာ သန်းခေါင်က ရှေ့သို့ တဖြည်းဖြည်းတိုးလာလျက်

"ကျုပ်ကို Gay ဖြစ်အောင်လုပ်တာ ခင်ဗျားရဲ့ စိတ်ကူးမဟုတ်ဘဲ ဖိုး ခိုင်းလို့လုပ်ရတာပေါ့ "

"သန်းခေါင် မင်းသိပြီးရင်လဲ မေးမနေပါနဲ့လား"

"ပန်းဥယျာဉ်မှူး!"

သန်းခေါင်ကဒေါသထွက်သွားကာ ပန်းမှူး၏ အနားသို့သွား၍ လက်မောင်းနှစ်ဖက်အား တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်သည်။

ဒေါသရှိန်နှင့် သန်းခေါင်၏ မျက်နှာမှာ နီးမြန်းနေပြီး မေးရိုးများကလည်း ထင်းနေသေး၏။သန်းခေါင်မှာ အသားဖြူသူဖြစ်၍ ဒေါသထွက်သည့်အခါ မျက်နှာတစ်ခွင် နီးမြန်းလျက် နဖူးကြောများထောင်နေလေသည်။

ပန်းမှူးသည်လည်း အေးအေးဆေးဆေးပင် မရုန်းကန်ဘဲငြိမ်နေလိုက်သည်။သန်းခေါင်ကအေးစက်နေသည့် ပန်းမှူးကိုကြည့်ကာ ပို၍ စိတ်တိုသွားလေသည်။

"ခင်ဗျားပြော!အဲ့ဒီလိုလုပ်ဖို့ တကယ်ပဲ ဖိုးကခိုင်းတာလား ! ဒါမှမဟုတ် ခင်ဗျားကိုယ်တိုင်က ကျုပ်နဲ့တစ်သက်လုံးအတူနေဖို့အတွက် တွေးခဲ့တာလား!"

ပန်းမှူးသည် တည်ငြိမ်နေသော မျက်နှာနှင့် ဒေါသထွက်နေသည့် သန်းခေါင်ကို ကြည့်နေမိသည်။သို့သော် သူ၏ အဖြေမှာ သန်းခေါင်အား ပို၍ဒေါသထွက်စေလိမ့်မည်။

"ဦးဓနမင်းထင်ခိုင်းတာ။သူကအဲ့လိုလုပ်ဖို့ငါ့ကိုပြောတယ်။ ကလေးတွေအနားမှာတစ်သက်လုံးနေချင်ရင် မင်းအနားမှာနေဖို့လိုအပ်တယ်တဲ့။အဲ့တာကြောင့် မင်းကို gay ဖြစ်အောင် လုပ်ပြီး ငါ့ကို သဘောကျလာအောင် ကြိုးစားရမယ်တဲ့"

The Billionaire HusbandWhere stories live. Discover now