(ZAWGYI)
ပန်းမှူးက အံ့သြသွားပြီး ရှေ့သို့တိုးကာ မိုးမြေအနားသို့သွားလိုက်သည်။ညိုမဲနေသည့်ဒဏ်ရာမျိုးမဟုတ်သော်လည်း ပါးတွင်၃လက်မခန့်ရှိသည့် ရှရာကြီးမှာတော်ဆိုးလှသည်။သွေးများက ည်းစီးကျနေကာ နှုတ်ခမ်းထောင့်မှဒဏ်ရာကလည်းလက်သီးနှင့်အထိုးခံလာရပုံနှင့်တူနေလေသည်။"ရန်ဖြစ်လာတာလား ဒဏ်ရာချည်းပဲ"
ပန်းမှူးက စိုးရိမ်စွာမေးလေရာ မိုးမြေက ပြုံး၍ ခေါင်းညိတ်လေ၏။
"ဟုတ်တယ်လေ။တစ်ပွဲတစ်လမ်းနွှဲလာတာ"
"မင်းအတော်ဆိုးပါ့လား။ပါးကရှရာက ဓားကြောင့်ပဲ မတော်လို့ တစ်ခုခုဖြစ်ရင်ဒုက္ခရောက်တော့မယ်"
ပန်းမှူး၏ ဆူပူမှုအား မိုးမြေက သဘောတကျရယ်မောရင်း ဆိုလေသည်။
"သူတို့က ဓားပါလာတာလေ။ မကောင်းတဲ့ကောင်တွေ ဓားယူလာတာကြိုမပြောဘူး။ကျွန်တော်လဲ ယူလာမှာပေါ့"
"မိုးမြေ"
"အစ်ကိုကလဲ ဒါတောင် ကျွန်တော်ကအသာစီးရလာတာနော် ။ ပါးကဒဏ်ရာနဲ့တန်အောင်တစ်ယောက်တစ်ချက်ဆီ ဓားနဲ့ နဖူးကို မွှန်းပေးခဲ့တယ်"
" ဟမ် ! "
မိုးမြေ၏ စကားကြောင့်ပန်းမှူးမှာ မျက်လုံးပြူးရလေသည်။စကားများနေသည့်ကောင်လေးအားဆက်မမေးတော့ဘဲ ဆေးသေတ္တာကိုသာအမြန်ပြေးယူလိုက်တော့၏။ မိုးမြေက ပြုံးစိစိနှင့်ဆိုဖာပေါ်သွားထိုင်ကာ ရှေ့မျက်နှာချင်းဆိုင်မှ သန်းခေါင်ကိုကြည့်လေသည်။ သန်းခေါင်၏ ဘေးနားတွင် ငုတ်တုတ်ထိုင်နေသည့် ကလေးနှစ်ယောက်အား မြင်သည့်အခါ မိုးမြေက တအံ့တသြဖြစ်သွားလေသည်။
"အိုးး ဒီကောင်လေးတွေထိုင်နေပြီပေါ့"
မိုးမြေက ကလေးနှစ်ယောက်အား ကြည့်ကာ အူမြူးနေသည့်ပုံကြောင့် သန်းခေါင်က ခပ်တည်တည်နှင့် ကလေးနှစ်ယောက်အား သူ၏ ပေါင်ပေါ်သို့ တင်လိုက်လေသည်။
ထိုအပြုအမူကြောင့်မိုးမြေက သန်းခေါင်အားဆိုလေသည်။
"သူ့တို့ဘာသူတို့ထိုင်နေတာကို"