Episode-22

31K 2.7K 213
                                    

(ZAWGYI)
  
"အခုထိ သူ့ကိုသူ Gay ဆိုတာလက်မခံသေးဘူးလား ။ သန်းခေါင်မင်းထင်က အတော်အကြောမာတာပဲ"

မုန့်စားနေရင်း အားမလိုအားမရဆိုလာသည့်မိုးမြေ၏ စကားကြောင့်ပန်းမှူးမှာ စားနေရင်းပင်မျက်လုံးလေးလှန်ကြည့်မိသည်။ဖြစ်ပျက်ခဲ့သမျှကိစ္စများအား ပန်းမှူးက မိုးမြေကို ပြန်ပြောပြသည်။မိုးမြေကလည်း စိတ်မရှည်တော့ဘဲ အးတအားဖြောင့်နေသည့် သန်းခေါင်မင်းထင်ကိုမေတ္တာသာပို့နေတော့သည်။

ပန်းမှူး ဘာမှမပြောဘဲ ငြိမ်သက်ကာ မုန့်စားနေသောအခါ မိုးမြေက မျက်မှောင်ကြုတ်၍မေးလာသည်။

"အစ်ကိုကအေးဆေးပဲနော်။စိတ်ထဲ တစ်မျိုးဖြစ်မနေဘူးလား"

"ဟင့်အင်း ပုံမှန်ပါပဲ"

ပန်းမှူးသည်လည်း တကယ်တမ်းဘယ်လိုမှမနေ။ဦးဓနနှင့် မိုးမြေ၏ စိတ်ကူးကြောင့်သာ ယခုလိုလုပ်နေရခြင်းဖြစ်သည်။ပန်းမှူး၏ သဘောအတိုင်းသာဆို သန်းခါင်နှင့်ယခုလိုအခြေအနေကလည်းအဆင်ပြေသည်။ ကလေးနှစ်ယောက်ကိုလည်း ကောင်းကောင်းဆက်ဆံသည်၊အချိန်ပေးလာသည်။ပန်းမှူးကိုလည်း အရင်လိုခနဲ့တာမျိုးမရှိတော့ဘဲ ကောင်းကောင်းဆက်ဆံလာသည်။ဤမျှလောက်ဆိုလျှင်ပင် ပန်းမှူးကပဆင်ပြေသော်လည်း မိုးမြေမှာ မတင်းတိမ်နိုင်ဖြစ်နေ၏။

"တအားကို ဇွတ်ငြင်းနေတာပဲ"

မိုးမြေက ရေရွက်ကာ သဘောတကျဖြင့်ခပ်ဟယရယ်လေသည်။

"ကောင်းတယ်လေ။သူကမှဝန်မခံတာ။ကျွန်တော်က ပိုတောင်သဘောကျသေး"

မိုးမြေက ပြောလိုက် မုန့်စားလိုက်လုပ်နေ၍ ပန်းမှူးသည် အသာငြိမ်နေရသည်။မိုးမြေ၏ စိတ်သည်လည်း သန်းခေါင်နှင့်နည်းတူပင် ။ မထင်လျှင် မထင်သလိုလုပ်တတ်သည့်အတွက် ပန်းမှူးသည် ၎င်းတို့၂ယောက်ကြား ရင်တမမ,နှင့်နေရသည်။

ယခုဆိုလျှင် မိုးမြေရောက်လာသည်မှာလည်း၁လခန့်ရှိပြီဖြစ်သည်။သန်းခေါင်၏ဘက်မှစိတ်သဘောထားသည် ပန်းမှူးအပေါ်မည်သို့ရှိသည်ကို နားမလည်သေး။ကလေးများအပေါ်တွင်တော့ သိသိသာသာ ကောင်းလာသည်။ယခုနောက်ပိုင်းတွင် အရှုပ်အရှင်းများလည်း ထပ်မကြားရတော့။ဘယ်အချိန်ထပ်၍ ကြားရမည်ကိုလည်း ပန်းမှူးမှာ ရင်တထိတ်ထိတ်ဖြစ်နေရသေးသည်။

The Billionaire HusbandWhere stories live. Discover now