Episode-18

30.1K 2.7K 125
                                    

(ZAWGYI)
  
ပန်းမှူးသည် ထမင်းစားခန်းထဲသို့ဝင်လာရာ ထမင်းခန်းထဲတွင် ရစ်သီရစ်သီလုပ်ကာ ရေခဲသေတ္တာအားဖွင့်နေသည့် မိုးမြေကြောင့်ထူးဆန်းသွားသည်။ ထမင်းစားခန်းထဲဝင်ကာ မိုးမြေ၏ အနားသွားကာ အသံပေးလိုက်ရာ ကောင်လေးသည် ပန်းမှူးအား လှည့်ကြည့်လာလေသည်။

"ဘာလုပ်နေတာလဲ ဗိုက်ဆာလို့လား"

ပန်းမှူးမေးသည့်အခါ မိုးမြေက ခေါင်းညိတ်၍ဖြေလေသည်။

"အင်း ဗိုက်ဆာလို့"

"ထမင်းစားပြီးပြီလား"

"ပြီးပြီလေ ထပ်ဆာလာလို့"

မိုးမြေက ပြောရင်း ရေခဲသေတ္တာထဲမှ မုန့်များအားမွှေနှောက်နေလေ၏။ရေခဲသေတ္တာထဲတွင်သချာထည့်သိုထားသည့်မုန့်များသည် မိုးမြေ၏ မွှေနှောက်နေမှုကြောင့် ရှုပ်ပွကုန်လေသည်။ပန်းမှူးသည် မိုးမြေ၏ အနားသွားကာ မုန့်များအား နေရာပြောင်းနေသည့်မိုးမြေကိုတားဆီးလိုက်လေသည်။

"မင်းမုန့်စားချင်နေတာမလား"

"အင်းလေ"

့ပြုံး၍ ခေါင်းညိတ်လာသည့် မိုးမြေကြောင့်ပန်းမှူးသည်သက်ပြင်းချကာ ကောင်လေး၏လက်အား အပြင်သို့ထုတ်လိုက်၏။

"မင်းကိတ်မုန့်စားမလား ၊ ကော်ဖီနဲ့သောက်မလား နွားနို့နဲ့သောက်မလား ငါလုပ်ပေးမယ်"

ပန်းမှူး၏ စကားကို မိုးမြေက သဘောတကျဖြစ်သွားကာ ခေါင်းတဆက်ဆက်ညိတ်လေသည်။

"ကောင်းတယ် အစ်ကိုကပြင်ပေးနော်။ ကိတ်မုန့်နဲ့ ကော်ဖီလေး"

"အင်းအင်း သွား ဟိုမှာခဏထိုင်နေဦး"

"ဟုတ်"

စကားနားထောင်စွာ ထိုင်ခုံပေါ်သို့သွားထိုင်နေသည့်မိုးမြေသည် ဖုန်းတစ်လုံးနှင့် game ဆော့နေလေသည်။

ပန်းမှူးသည် မိုးမြေအား တစ်ချက်ကြည့်ကာ ရေခဲသေတ္တာထဲမှ ရှုပ်ပွနေသည့်မုန့်များ၊အချိုရည်ဗူးများအားကြည့်ကာ သက်ပြင်းချလိုက်သည်။

အန်တီလဲ့ကိုယ်တိုင်သေချာစီရီထားသည့်ရေခဲသေတ္တာသည် ယခုတွင် ကြွက်ဝင်သွားသည့်နှယ်ရှုပ်ပွနေသည်။ဗူးများသည်လည်းဇောက်ထိုးများဖြစ်နေကာ မုန့်ထုတ်များသည်အောက်သို့ပင်ပြုတ်ကျနေလေ၏။

The Billionaire HusbandWhere stories live. Discover now