Episode-35

26.9K 2.3K 252
                                    

(ZAWGYI)
  
  
"ပန်းဥယျာဉ်မှူးရဲ့ ဝမ်းထဲမှာလွယ်ခဲ့တဲ့ ကိုယ်ဝန်က ကျွန်မသွေးသားပါ ။ ရှင်နဲ့ကျွန်မရဲ့သွေးသား ။ ကျွန်မရဲ့ ovum ပါ ။ ဒါကြောင့်သူက ကလေးကိုလွယ်ပြီးမွေးထားတဲ့လူသက်သက်ပဲ။ တကယ်တမ်းက ကျွန်မသွေးသားပါ"

ထိုမိန်းကလေး၏ စကားကြောင့် သန်းခေါင်သည် အံ့သြသွားသလို တစ်ဆက်တည်း ဒေါသထွက်လာရသည်။

သန်းခေါင်က ရှေ့တည့်တည့်မှ သူမကို စူးစိုက်ကြည့်၍ ခပ်ပြက်ပြက်ပြောလိုက်၏။

"ခင်ဗျားရည်ရွယ်ချက်ကဘာလဲ ။ ငွေလိုချင်လို့လား ၊ အဲ့တာအတွက်ကြောင့်နဲ့တော့ စောက်အဓိပ္ပာယ်မရှိတဲ့ စကားတွေ ထွက်မလာနဲ့"

"ရှင်မယုံဘူးလား  ရှင်မယုံရင် ကျွန်မ DNA စစ်ကြည့်လို့ရတယ် ။ တကယ်တမ်း ကလေးနှစ်ယောက်က ကျွန်မသွေးသားဖြစ်နေရင် ဘာလုပ်ပေးမှာလဲ"

ထိုမိန်းကလေး၏ စကားကြောင့်သန်းခေါင်မှာ ဘာမှဆက်မပြောဖြစ်။ဒေါသထွက်စွာ လက်သီးကိုသာခပ်တင်းတင်းဆုပ်ထားရင်း နဖူးကြောများလည်းထောင်နေလေသည်။

ထို့နောက် သန်းခေါင်သည် ရှေ့တည့်တည့်မှ သူမကို လက်ညှိုးထိုးကာ ခပ်ကြိတ်ကြိတ်အသံနှင့်ပြောလေ၏။

"အခုချက်ချင်း အိမ်ထဲကထွက်သွား ။ ခင်ဗျားတို့ရဲ့ အလိမ်အညာတွေနဲ့ စောက်ရေးမပါတာတွေကို နားထောင်ပေးဖို့ ကျုပ်မှာအချိန်မရှိဘူး"

"သန်းခေါင် ။ ငါတို့အေးအေးဆေးဆေးဖြေရှင်းရအောင် ။ ဒေါသကို ရှေ့တန်းမတင်နဲ့"

သန်းခေါင်၏ အလွန်အမင်းဒေါသထွက်နေသော ပုံကြောင့် ဦးဓနက သတိပေးလိုက်သည်။သို့သော် သန်းခေါင်က ထိုအမျိုးသမီးကို ၃ယောက်ကို ခပ်စူးစူးစိုက်ကြည့်ကာ ဆိုဖာပေါ်၌ ထိုင်ချကာ အေးစက်နေသော ပုံစံနှင့်ကြည့်နေလေသည်။

ထို့နောက် အသက်အကြီးဆုံးဖြစ်ပုံရသည့်အမျိုးသမီးတစ်ယောက်က စ၍ ပြောလေ၏။

"ကျွန်မ သမီး နီဆွေး ရဲ့ အမှားကြောင့် အရင်ဆုံး တောင်းပန်ပါတယ်။ ဒီကိစ္စကိုကျွန်မလဲ မကြာသေးခင်ကမှသိတာပါ။သူကတစ်ချိန်လုံးဖုံးကွယ်ထားပြီး သိပ်မကြာခင်ကမှ ပြောတယ်။ရှက်လဲရှက်မိပါတယ်"

The Billionaire HusbandΌπου ζουν οι ιστορίες. Ανακάλυψε τώρα