Episode-12

34.8K 3K 105
                                    

(ZAWGYI)

နောက်တစ်နေ့ မနက်ပိုင်းတွင် သန်းခေါင်မင်းထင်နှင့် ရတီဝင့်ဝါ တို့နှစ်ယောက် တရားဝင်ကွာရှင်းပြတ်ဆဲခြင်းသတင်းသည် သတင်းစာထဲဝင် ဟိုးလေးတကျော်ပါလာလေသည်။

Internet ပေါ်မှ လူပေါင်းများစွာသည်လည်း ထိုသတင်းကိုသာ ဆွေးနွေးနေကြတော့သည်။တချို့ကလည်း သန်းခေါင်မှာ လူလွတ်တစ်ယောက်ဖြစ်သွားသည့်အတွက်ဝမ်းသာကြပြီး တချို့ကတော့ ဝမ်းနည်းကြသည်။သို့သော် ဝမ်းသာသည့်လူဦးရေမှာ ၉၀% ဖြစ်နေလေသည်။

သန်းခေါင်မင်းထင်နှင့် ရတီဝင့်ဝါမှာ သဘောထားမတူညီသည့်အတွက် ၊ နဂိုကတည်းက မချစ်မနှစ်သက်ဘဲ ယူထားရသည့်အတွက်ကြောင့် ရှေ့ဆက်ရန် မဖြစ်နိုင်၍ဟုရဆိုထားသည်။

ထိုအတူ နှစ်ယောက်စလုံးသည် သားသမီးမရှိသည့်အတွက်ကြောင့် လွယ်လွယ်ကူကူပင်ကွာရှင်းရကြောင်း မှတ်ချက်ပေးနေသေးသည်။

ပန်းမှူးသည် ထိုသတင်းကိုကြည့်နေရင်း ရတီကို စိုးရိမ်သွားရသည်။ မိန်းကလေးတစ်ယောက်ဖြစ်သည့်အတွက် ထိုကဲ့သို့ကိစ္စတွင် စိတ်အားငယ်သွားမှာလည်းစိုးရသေးသည်။သို့သော်ရတီမှာ စိတ်ဓာတ်ပြတ်သားကာ ကြံ့ခိုင်သည့် မိန်းမသားတစ်ယောက်ဖြစ်သည်။ ယခုကိစ္စကကိုလည်း စာဖွဲ့မည်မထင်။

သို့သော် ပန်းမှူးကတော့ စိုးရိမ်သည်။ ညီမလေးတစ်ယောက်လိုချစ်ရသူမို့ ရတီ့ကို အားပေးစကားပြောရန်အတွက် ဖုန်းဆက်လိုက်သည်။

တစ်ဖက်မှရတီသည် တော်ရုံဖုန်းမကိုင်ပေ။စက်ပိတ်ထားမည်ဟုထင်သော်လည်း ဖုန်းကိုင်လိုက်သည့်ရတီကြောင့် ပန်းမှူးသက်ပြင်းချလိုက်သည်။

" ရတီ အဆင်ပြေလား"

"ဘာကိုလဲ ဟိုကိစ္စလား"

"အင်း သတင်းတွေပြန့်နေပြီ ။ နင်အပြင်ထွက်လို့မဖြစ်လောက်ဘူး"

"သိတယ်လေ ငါအိမ်မှာအေးဆေးပဲ ၊ သတင်းပဲ ခဏနေရင် ငြိမ်သွားလိမ့်မယ် "

ရတီ၏ အသံက အလွန်ပေါ့ပါးနေသည်။စိတ်ညစ်နေသည့် အရိပ်အယောင်လုံးဝမရှိ။

" နင်ကစိုးရိမ်နေတာလား ပန်းမှူး"

"မစိုးရိမ်ဘဲနေစရာလား "

The Billionaire HusbandOnde as histórias ganham vida. Descobre agora