Episode-20

33K 2.7K 138
                                    

(ZAWGYI)

ရက်သတ္တပတ်ကြာပြီးနောက် မေလီနှင့်သန်းခေါင်၏ သတင်းသည်လည်း ငြိမ်ကျသွားလေသည်။ သန်းခေါင်မင်းထင်၏ ပြင်းထန်လှသည့် ရာဇသံကြောင့် online တွင် မေလီနှင့်တွဲကာ စကားပင်မဆိုတော့ကြပေ။မိန်ကလေး fan အများစုသည်လည်း သန်းခေါင်၏ အကြောင်းကိုသာတစ်နေ့တစ်မျိုးမရိုးအောင်တင်ကြလေသည်။

ကိစ္စအားလုံးငြိမ်သက်ပြီးသည့်နောက် ပန်းမှူးသည် သန်းခေါင်နှင့်အနည်းငယ်အဆင်ပြေလာသည်ဟုဆိုနိုင်သည်။ နှစ်ယောက်တည်းရှိသည့်အချိန်တွင် အဆင်ပြေသော်လည်း မိုးမြေရှိသည့်အခါ စကားပြောရသည်မှာအဆင်မပြေတော့။နဂိုကတည်းမှ မတည့်လူနှစ်ယောက်၍ မိုးမြေနှင့်သန်းခေါင်သည် တစ်နေလျှင် အနည်းဆုံးတစ်ကြိမ်ခန့် မာန်ဖီတတ်ကြသည်။ ထိုအခါတွင်လည်း ပန်းမှူးက မသိချင်ယောင်ဆောင်ကာငြိမ်နေလိုက်သည်။ထိုသို့ငြိမ်သက်နေလျှင် တစ်နည်းမဟုတ်တစ်နည်းနှင့်တိတ်သွားတတ်ကြသည်။

ပန်းမှူးက အပြင်ထွက်ရုံရှိသေး တည့်တည့်တိုးသည့်မိုးမြေကြောင့် အံ့သြသွားရသည်။မိုးမြေက ပန်းမှူးကို မြင်ရာ ခပ်ဖွဖွပြုံးပြလေသည်။

"အစ်ကို ဘာလုပ်မလို့လဲ"

"မနက်စာ စားမလို့လေ"

"အာ ဟုတ်ပြီ ဟုတ်ပြီ ။ ဒါနဲ့ ကျွန်တော်ကြည့်ကောင်းလား"

မိုးမြေက ဝတ်ထားသည့် အနက်ရောင်ကုတ်ကိုကိုင်၍ပန်းမှူးအားမေးလေသည်။ခါတိုင်းထက်ပို၍ သန့်ပြန့်နေကာ ဆံပင်ကိုလှန် နဖူးပေါ်လှန်တင်ထား၍ မိုးမြေ၏ ပုံစံသည် အတော်လေးကြည့်ကောင်းလှသည်။ ခါတိုင်း ကလေးလေးလိုလိုပုံစံမှ ယခုအခါ အနည်းငယ်လူကြီးဆန်လာလေ၏။

ကြောင်အ,ကာ ကြည့်နေသည့် ပန်းမှူးကြောင့်မိုးမြေက တခစ်ခစ်ရယ်လေသည်။

"ဘယ်လိုလဲ ကြည့်ကောင်းလွန်းလို့ အစ်ကိုတောင်ကြွေသွားပြီမလား"

မျက်လုံးလေးတစ်ဖက်မှိတ်ကာ ပြောနေသည့်မိုးမြေ၏ ပုံစံသည် ခါတိုင်းထက် အနည်းငယ်ပို၍ လူကြီးဆန်နေသော်လည်း အကျင့်စရိုက်မှာမူ ကလေးဆန်လှလေသည်။

"ကြည့်ကောင်းတယ် တကယ်ပြောတာ"

"ဒီလိုပြောမယ်ဆိုတာ ကြိုသိထားပြီးသားပါ။ကျွန်တော်ကတော့ ဒီလိုပုံစံသိပ်မကြိုက်ဘူး"

The Billionaire HusbandWhere stories live. Discover now