Episode-16

32.2K 2.8K 120
                                    

(ZAWGYI)
  
'မိုးမြေထိတိုင်' ဆိုသော ကောင်လေးထံမှစကားကြောင့်ပန်းမှူးသည် ဘာဆက်ပြောရမှန်းမသိဖြစ်သွားရသည်။ဦးဓနက လူလွှတ်လိုက်မည်ဟုသာသူသိသားခြင်း။ထိုလူကလည်း တခြားသော လူဖြစ်လိမ့်မည်ဟုသာပန်းမှူးထင်ခဲ့သည်။ဦးဓန၏ မွေးစားသားဖြစ်နေလိမ့်မည်ဟုထင်မထားမိပေ။ဦးဓနတွင် မွေးစားသားရှိသည်ဟုလည်း သူတစ်ခါမှမကြားဖူး။

ပန်းမှူး ယောင်နနဖြစ်နေဆဲပင် ' မိုးမြေထိတိုင်'က ခပ်ဟဟရယ်မောကာ ပြုံးလျက်ဆိုလာသည်။

"နာမည်က ထူးဆန်းတယ်မလား ။ အဲ့တာလေ ဖွားဖွားကပေါ့ ပထမ'မိုးထိတိုင်'လို့ပေးထားတာကို ဘာကိစ္စ 'မိုးမြေထိတိုင်'လို့ ပြောင်းပေးလိုက်တာလဲ မသိဘူး။အရင်နာမည်လေးကလှတာကိုနော့ ၊ ဒါပေမဲ့ အဆင်ပြေသလို ခေါ်လို့ရတယ်နော်"

မျက်လုံးတစ်ဖက်ပိတ်ကာ စနောက်သလိုပြောလာသည့် ကောင်လေးကြောင့်ပန်းမှူးသည်ကြောင်တောင်တောင်အဖြစ်မှမလွတ်မြောက်တော့။ သူ၏ ခေါင်းထဲတွင်အတော်လေးကို ယောက်ယက်ခက်နေပြီဖြစ်သည်။ကောင်လေး၏ပုံစံအား ကြည့်ကာ သည်လောက်မရိုးရှင်းဟုထင်မိသည်။ဦးဓနကလည်း သာမာန်လူမျိုးအားလွှတ်မည်မဟုတ်။

ပန်းမှူး၏ အတွေးများနေပုံကိုကြည့်ကာ ကောင်လေးက သဘောတကျရယ်မောလေသည်။ကျောတွင်လွယ်ထားသည့်လွယ်အိတ်ကြိုးလေးငို ကိုင်ရင်းပြုံးစစနှင့် ပန်းမှူးကို ဆို၏။

"နာမည်က ရှည်လို့လားဗျ၊' မိုးမြေ ' လို့လဲခေါ်လို့ရတယ်နော် "

ကောင်လေးမှာ အတော်လေးပေါ့ပါးသွက်လက်ပြီး ပျော်ပျော်နေတတ်ပုံရသည်။စကားပြောရာတွင်လည်း လွတ်လပ်ပေါ့ပါးကာ ချစ်စရာကောင်းနေသေးသည်။

ပန်းမှူးလည်း မိမိထက်အများကြီးငယ်ပုံရသည့်ကောင်လေးအားကြည့်ကာ ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

"တွေ့ရတာဝမ်းသာပါတယ်။ဒါပေမဲ့ သန်းခေါင်လာတာကို စောင့်ရအောင်"

"ဘာလို့လဲဗျ။သူ့ကိုကြောက်နေတာလား "

"ကြောက်တယ်လို့တော့ ဘယ်ဟုတ်မလဲ။ဒီအိမ်က သန်းခေါင်ရဲ့ အိမ်လေ ၊ အစ်ကို့ရဲ့ အိမ်မဟုတ်တော့ ကိုယ့်ဘာကိုယ်ဆုံးဖြတ်လို့မရဘူးမလား"

The Billionaire HusbandWhere stories live. Discover now