အကျဥ်းချုပ်

22.8K 1.5K 16
                                    

[Unicode]

အင်ပါယာရဲ့ ပထမဆုံး ဗိုလ်ချုပ်ကြီး က သေ သွား ခဲ့တယ်။

သူ့ရဲ့ စစ်တပ်ဟာ ရန်သူတွေရဲ့ ကြားဖြတ် တိုက်ခိုက်ခံရပြီးတော့ ဝိုင်းရံခြင်းခံလိုက်ရတဲ့ အခါမှာတော့ သူဟာ သူ့အိုမီဂါလေးကို ပွေ့ထားရင်း ကင်းမျှော်စင်မြင့်ကနေ ပြီးတော့ ခုန်ချသွားပါတော့တယ်။ အပြင်က ကျန်နေခဲ့တဲ့ ပြည်သူတွေရဲ့ အမြင်မှာတော့ သူတို့ ၂ယောက်ရဲ့ အချစ်က အရမ်းကို နက်ရှိုင်း ကြတယ်ပေါ့လေ။ ဒါပေမယ့် အမှန်တကယ် ကတော့ အရမ်းကို သနားဖို့ကောင်းတဲ့ လက်ထပ်မှု တစ်ခုဆိုတာကို အများက မသိ​ခဲ့ကြပါဘူး။

ပြန်လည် မမွေးဖွား ခင်ဘဝ
..............................................

ဟန်ကျန်းချွမ် က အိမ်ကို နေ့တိုင်း မပြန်ပဲနဲ့ အန်းမူကို လေလိုသာ သဘောထားခဲ့လေတယ်။ အိုမီဂါ လေးက ပိုပြီးဂရုတစိုက်နဲ့ သူ့အယ်ဖာရှေ့မှာ အရိုးခံပင်ကိုယ်သဘာဝလေး အတိုင်းပဲ ရှိနေပေးပေမယ့် အယ်ဖာကြီးကတော့ မလှုပ်မရှားနေဆဲပါပဲ။

အန်းမူဟာ ထိုလူ့ကိုမြင်မြင်ချင်း ချစ်မိသွားကာ သူ့ဘက်ကစပြီးတော့ လက်ထပ်ကြဖို့ တောင်းဆိုခဲ့မိတဲ့အတွက် ကိုယ့်ကိုယ်သာ အပြစ်တင်နေခဲ့တယ်။ ဒါပေမယ့် ထိုအယ်ဖာရဲ့ဘေးမှာ နေရတဲ့ အတွက်ကြောင့်တော့ သူကနောင်တမရခဲ့ပါဘူး။ ထိုလူက သူ့အပေါ် ကို ဘယ်တော့မှ အာရုံမစိုက်ခဲ့တာတောင်မှ ပဲပေါ့လေ။ 

လူနှစ်ယောက် က တစ်ယောက် ကို တစ်ယောက် နှိပ်စက် ကြပြီးနောက် အဆုံးမှာတော့ အိုမီဂါ လေးဟာ သူ့အယ်ဖာ ဖြစ်တဲ့  ဟန်ကျွမ်းချွမ်ကို ဘယ်လောက်တောင် ချစ်သလဲဆိုတာကို ထပ်ပြောပြဖို့ သူ့တစ်ဘဝလုံးကို သုံးခဲ့လေတယ်။

ပြန်လည်မွေးဖွား ပြီးတဲ့ဘဝ
...............................................

အယ်ဖာရဲ့ ရွံ့ရှာ စက်ဆုပ်မှု တွေက တဖြည်းဖြည်း နဲ့ ပျောက်ကွယ် သွားပြီးတော့ သူ့ရဲ့အိုမီဂါလေးကို ကာကွယ် ပေးတက်လာတယ်။ ဒါပေမယ့် သူ့မျက်နှာကြီးက အမြဲအေးခဲနေတာမို့ အိုမီဂါ လေးအတွက် မလွယ်ကူဘူးလို့ ခံစားရမိစေတယ်။

အန်းမူကလည်း ရုတ်တရက် ကြီး သူ့အပေါ်မှာရှိတဲ့ အယ်ဖာရဲ့သဘောထားက ပြောင်းလာတာကို သိလေတယ်။ သူ့ခမျာ နောက်တစ်ကြိမ်အသဲကွဲဖို့ ပြင်ဆင်ထားပေမယ့် သူ့ရဲ့အယ်ဖာက သူ့အပေါ် ကို ပိုပိုပြီး ပိုင် ဆိုင် လို စိတ် ပြင်းလာတယ်။

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now