အပိုင်း(3.3)

8K 946 2
                                    

[Unicode](3.3)

စစ်တပ်ရဲ့ကန်တင်းမှာ မနက်စာကို မြန်မြန်စားပြီးတဲ့နောက် ဟန်ကျွမ်းချွမ် က ဓာတ်ခွဲခန်း ထဲကို အမြန်ဝင်သွားဖို့ လုပ်လိုက်တယ်။ ဓာတ်ခွဲခန်း တွေ အကုန်လုံး က အဆောက်အအုံ တစ်ခု တည်းမှာပဲ ရှိကြလေတယ်။ ပြီးတော့ ထိုအဆောက် အအုံက စစ်တပ်ဧရိယာရဲ့ အဝင်လမ်းမ အဆုံးမှာ တည်ဆောက်ထား တာဖြစ်တဲ့အတွက်ကြောင့် အဆောက်အအုံ အားလုံးထဲမှာမှ ဓာတ်ခွဲခန်း အဆောက်အအုံ က အဆိုးဆုံး ပဲ ဖြစ်လေတယ် ။

ထိုအဆောင်အအုံထဲကို ဝင်ချင်ရင် တစ်ခြားနေရာတွေလိုမျိုး စာရွက်စာတမ်းတွေ နဲ့ အချက်အလက် တွေကို စစ်ဆေးပြသနေစရာ မလိုပါဘူး။ ဒါပေမယ့် ဝင်မယ့်လူရဲ့ တစ်ကိုယ်လုံး ကို ပိုးသတ်ဖို့တော့ လိုအပ်လေတယ်။

ဟန်ကျွမ်းချွမ် ပါဝင်မယ့် ဓာတ်ခွဲခန်း ကတော့ အဆောက်အအုံ ရဲ့ ​မြေညီထပ်မှာ တည်ရှိလေတယ်။ ပြီးတော့ လျှောက်လှမ်း တစ်လျောက် မှာအပူပေးမီးအိမ် တွေထွန်းညှိထားပြီးတော့ ပိုးသတ်ဆေး အနံ့တွေ ကလည်း နေရာတိုင်းမှာ ပျံ့လွင့်နေလေတယ်။

ထိုနေရာမှာ ရှိတဲ့ အထပ်တစ်ခု စီတိုင်းမှာ ပရောဂျက်တစ်ခုဆောင်ရွက်နေတဲ့ အဖွဲ့ဓာတ်ခွဲခန်း ရှိလေတယ်။ ထိုနေရာမှာ စွမ်းအင် အသစ်ကို ရှာဖွေတဲ့ ပရောဂျက် အပြင် ဇီဝဗေဒ နဲ့ သက်ဆိုင်တဲ့ အရင်းအမြစ် ရှာဖွေရေး ပရောဂျက်တွေ ပါရှိလေတယ်။

ထိုနေရာက သီးသန့်နေရာတစ်ခု ဖြစ်တာကြောင့် ကိုယ်ပိုင်လုံခြုံရေး ရရှိစေရန်အတွက် တစ်နေ့ကို ၃ ကြိမ်ပိုးသက်ပေးရန် လိုအပ်လေတယ်။ ပြီးတော့ ပိုပြီးအကျိုး သက်ရောက် မှုအားကောင်းတဲ့ သူခိုးဖမ်း စနစ်ကိုလည်း ထည့်ထားလေသေးတယ်။ ပြီးတော့ အပြည်ပြည်ဆိုင်ရာ လုံခြုံရေး ကွန်ရက်ဗဟိုချက် တစ်ခုလုံးကလည်း ထိုနေရာကို အဆက်အပြက် စောင့်ကြည့်နေလေတယ်။

ဟန်ကျွမ်းချွမ် ကို လာကြိုတဲ့ သူက အမျိုးသား အိုမီဂါတစ်ယောက် ဖြစ်ပြီးတော့ သူ့ရဲ့ခေါင်းပေါ်မှာ ငှက်သိုက်လို ပွနေတဲ့ဆံပင်တွေ ရှိပြီးတော့ မျက်နှာလေး မှာလဲ မှည့်ခြောက်တွေ အပြည့် ရှိနေကာ သူ့နှာခေါင်းလေးပေါ်မှာတော့ ကြီးမားထူထဲ နေတဲ့မျက်မှန် အမဲအဝိုင်းကြီး တစ်ခု ကို တပ်ဆင်ထားလေတယ်။ သူ့ရဲ့လက်မောင်းကြား ထဲမှာတော့ ထူထဲနေတဲ့ လေးထောင့်လိုမျိုး အရာတစ်ခုကိုကိုင်ထားလေတယ်။ ဒါက စာဖိုင်ထုပ်ကြီးပါပဲ။

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now