အပိုင်း ( 42. 1)

1.8K 250 4
                                    

(42. 1)

ဒါက အန်းမူကို ဟန်ကျွမ်းချွမ်အတွက် တစ်ယောက်စာ စင်မြင့်ပေါ်မှာ မြင်ရတဲ့ ပထမဆုံး အကြိမ်မဟုတ်တော့ ပါဘူး။ ဒါပေမယ့် အဲ့လိုတွေ့ရတဲ့ အချိန်တိုင်း ဟန်ကျွမ်းချွမ်ရဲ့ နှလုံးသားလေး ဟာ ယားယံလို့လာ ခဲ့ပါတယ်။ 

အားနည်း ဖျော့တော့တဲ့ သူ့ရဲ့မင်းသား ငယ်လေးဟာ ဒီလောက် လူတွေ အများကြီးရှေ့မှာ လုံးဝကို အေးစက်တည်တင်းတဲ့ ဆရာတစ်ယောက် အဖြစ်ပြောင်းသွား တယ်လေ။

အန်းမူကလည်း စာသာသင်နေတာ သူ့ရဲ့ အာရုံအကြည့်တွေက ဟန်ကျွမ်းချွမ် အပေါ်မှာပဲ ရှိနေခဲ့တယ်လေ။ ထိုအမျိုးသားရဲ့ စူးရဲစွာ စိုက်ကြည့်ခံရတာကြောင့် သူ့တစ်ကိုယ်လုံး ပူနွေးလာကာ မသိလိုက်ပါပဲနဲ့ ထိုအကြည့်တွေ ဆီကနေ ရှောင်ရှားလိုက်ချင် စိတ်တွေ ဖြစ် နေလေတယ်။

သူ့နှလုံးသားထဲမှာ ​ကျိန်ဆို လိုက်တာ ကတော့ သူက ဘယ်တော့မှ ကိုလိုနယ်ကို သူ့ရဲ့ အတန်းမှာ လာပြီး အဖော်ပြု မခိုင်းတော့ဘူး လို့ပေါ့လေ။

အတန်းထဲမှာတော့ ကျောင်းသား တွေက သေချာလိုက်နား ထောင်နေသလား ဆိုတာကို အန်းမူမသိပါပေ။ စာသင်ခန်းထဲမှာတော့ ဆက်သွယ်ရေးစက်က အလင်းရောင်တွေ ထွက်နေကြ ကာ ဘယ်ကနေ ညာအထိစကားပြောသံတွေ ထွက်နေလေတယ်။ အရှေ့က ဆရာက အချိန်တိုင်းမှာ သင်ခန်းစာ ပို့ချနေပေမယ့် သူတို့ကတော့ ထိုအပေါ်မှာ အာရုံကို ရှိမနေခဲ့ပါပေ။

ထိုကဲ့သို့ အတန်းကို ပရမ်းပတာ ဖြစ်အောင် လုပ်ခဲ့တဲ့ အဓိက တရားခံ လက်သည်ကတော့ လက်ထဲမှာ ဘောပင်ကို လှည့်နေကာ ဘယ်နေရာကနေ ရလာမှန်းမသိတဲ့ စာအုပ်ကို သေသေချာချာလေး လှန်လောနေခဲ့တယ်။

အတန်းချိန် ၂ ခု ပြီးသွားတဲ့ အခါကျမှပဲ အန်းမူလည်း စိတ်သက်သာရာ ရစွာ သက်ပြင်းချနိုင်ပြီးတော့ အခုထိ အတန်းထဲကနေ တွန့်ဆုတ်စွာနဲ့ ထွက်သွားတဲ့ ကျောင်းသားတွေကို ကြည့်လိုက်တယ်။ အထူးသဖြင့် ဟန်ကျွမ်းချွမ် ရဲ့ ပြတင်းပေါက်နား ထိုင်နေတဲ့ သူတွေပေါ့လေ။

ကျောင်းသားတွေ အကုန်လုံး ထွက်သွား ပြီးတော့ ကြီးမားတဲ့ စာသင်ခန်းကြီး တစ်ခုလုံးမှာ အေ့စ်နဲ့ ဟန်ကျွမ်းချွမ် တို့၂ ယောက်သာ ကျန်ရှိနေခဲ့တယ်။

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now