အပိုင်း (22.5)

2.3K 388 5
                                    

[Unicode] (22.5)

ဒီအချိန်မှာတော့ ဖြစ်ပျက်တဲ့လူက ကွဲပြားသွားတယ် လို့ပဲပြောရမလား။ ကိုလိုနယ်မားကတ်စ် ကတော့ ဘာမှမဖြစ်ပဲ အကောင်းတိုင်းကြီး ရှိနေသေးလေရဲ့။

ပထမဆုံးကတော့ ဟန်ကျွမ်းချွမ်က ပရော်ဖက်ဆာကို နှစ်သိမ့်ပေးဖို့ သူတို့အိမ်ကို သွားခဲ့သေးတယ်။ ဒါပေမယ့် နောက်ပိုင်းကျ တော့ ပရော်ဖက်ဆာ ပေါ်လန် ရဲ့ စိတ်ပိုင်း ဆိုင်ရာ ခုခံနိုင်စွမ်းက အယ်ဖာတွေထက်တောင် ပိုပြီးခိုင်မာနေတာမှန်း သိလိုက်ရချိန်မှာတော့ ဟန်ကျွမ်းချွမ် တစ်ယောက် သွားပြီးတော့ မနှစ်သိမ့်ပေးဖြစ်ခဲ့ပါပေ။

နောက်ပိုင်း ပရော်ဖက်ဆာ ပေါ်လန် တစ်ယောက် ဘာတွေဆက်လုပ် ခဲ့သလဲဆိုတာတော့ သူမကြည့်မိလို့ မသိခဲ့ပါပေ။

စစ်တိုက်ပွဲ အာကာယဥ် ထဲက ထိန်းချုပ်ခန်း ထဲမှာတော့ ဒုတိယ ဗိုလ်ချုပ်ကြီး အစ်ရှ်ဟက အင်ပါယာ ဆီကို  ဖွင့် ပြီးတော့ ဆက်သွယ်နေခဲ့လေတယ်။ ပြီးတော့ မျက်နှာပြင်ပေါ်မှာ ဗိုလ်ချုပ်ကြီး ဂိုးလ်ရဲ့ တည်ကြည်နေတဲ့ မျက်နှာကြီး ပေါ်လာခဲ့လေတယ်။

'' ဗိုလ်ချုပ်ကြီး ကျွန်တော် အခု နီကိုးလ်ဂြိုဟ်ပေါ်ကို လာတဲ့ ကြယ်ဓားပြတွေကို အကုန်ဖမ်းမိပါတယ်။ ပြီးတော့ အင်ပါယာဆီ ပြန်ခေါ်လာခဲ့ ပါပြီ။ ''

ဒုတိယ ဗိုလ်ချုပ်ကြီး အစ်ရှ်ဟက အခုချိန်မှာ အတော်လေးကို စိတ်ပျော်နေခဲ့ပါတယ်။ သူက ဒီကြယ်ဓားပြတွေကို အချိန်အတော် ကြာကတည်းက မုန်းတီးနေခဲ့တာပဲ ဖြစ်လေတယ်။ စစ်တပ်ရဲ့ အနောက်က ပံ့ပိုးမှုနဲ့ သူက ထိုကောင်တွေရဲ့ စခန်းကို ထိခိုက်မှု များအောင်လုပ်နိုင် ခဲ့တာက ပိုပြီးတော့ သူ့ကိုပျော်နေစေလေတယ်။

'' အရမ်းကောင်းတယ်''

သံသယဖြစ်စရာ မလိုလောက်အောင် ဗိုလ်မှုး ကြီး ဂိုးလ်ရဲ့ အသိအမှတ် ပြုသံက ကိတ်ပေါ်က ခရင်လိုမျိုးပဲ။ ဒုတိယ ဗိုလ်မှူးကြီး အစ်ရှ်ဟ ရဲ့ မျက်လုံး ထဲက အပြုံးတွေကတော့ ပိုပြီးတော့ ကြီးမားလာပေမယ့် မျက်နှာပေါ်မှာ မပေါ်အောင် ထိန်းချုပ်ထားကာ ဗိုလ်မှူးကြီး ဂိုးလ်ကြားရုံလောက်သာ စကားကို ထိန်းပြောလေတယ်။

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now