အပိုင်း (34.2)

2K 335 7
                                    

(34. 2)

'' ငါ အန်းမူကို အစကတည်းက ပြောပြီးသားပဲ။ အင်ပါယာက လူတွေနဲ့ လက်မထပ်ပါနဲ့လို့။ သူတို့တွေ အကုန်လုံးက အေးစက်ပြီး အကြင်နာမဲ့ကြတယ် လို့လေ။ လုံလောက် သွားပြီ''

ခေါင်းဆောင်နီလ်က ဒေါသထွက်စွာနဲ့ ရယ်မောလိုက်တယ်။

'' ဒါက ငါ့ကို ပိုစိတ်ပျက်အောင် လုပ်နိုင်တာပဲ ''

'' အခုရော..  အန်းမူကို ကာကွယ်ပေးပါတယ်လို့ မင်းပြောနေတာလေ။ သူ့ကို ကီရှန်ဂြိုဟ်ကို ပြန်ပို့လာတာကို ငါသံသယ ဝင်နေခဲ့တာ ''

ဟန်ကျွမ်းချွမ်က သူလုပ်ခဲ့တဲ့ အရာတွေ အတွက် သူ့ကိုယ်သူ ပြန်မခုခံ ခဲ့ပါပေ။ ပြီးတော့ ရှင်းလည်း ရှင်းမပြခဲ့ပေ။ ထိုနည်းအတိုင်းပဲ သူ့စိတ်အထဲမှာ အနည်းငယ် ဖိအားများတာ က လွဲလို့ နောင်တ ရနေတာမျိုးတော့ မရှိပါပေ။

အစတုံးက မကြိုက်ခဲ့တာဟာ မကြိုက်ခဲ့တာပဲလေ။ အခုတော့ ကြိုက်သွား လို့ဆိုပြီးတော့ မူရင်းကိုယ်ကို အပြစ်တင်နေလို့မှ မရတာလေ။ ဟန်ကျွမ်းချွမ်က ဖြောင့်တန်းစွာ ရပ်နေခဲ့တယ်။ ခေါင်းဆောင်နီးလ်က ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ သူကတော့ တည်ငြိမ်စွာနဲ့ ရင်ဆိုင်နေခဲ့တယ်။

'' ကျို့ ကျို့ !''

တံခါးကြားလေးထဲ တိုးဝင်ထားတဲ့ အန်းမူဟာ သူ့ဦးလေးက ဟန်ကျွမ်းချွမ် ဆီကို လမ်းလျောက်လာတာ တွေ့တော့ သူအရမ်းကို ကြောက်လန့်သွား ခဲ့လေတယ်။ တကယ်လို့ ဒီနေ့မှာသာ ထို ၂ ယောက်ကြားမှာ ရန်ပွဲ တွေ ဖြစ်သွားရင် ဘာတွေ ဆက်ဖြစ်လာနိုင် မလဲဆိုတာကို သူမသိတော့ပေ။

အန်းမူက ပြေးထွက် လာကာ ဟန်ကျွမ်းချွမ်ရဲ့ အရှေ့မှာ ပိတ်ပြီးတော့ ကာလိုက်တယ်။

အယ်ဖာ ၂ ယောက်ကြားမှာ ပြင်းထန်နေတဲ့ လေထုက အန်းမူအတွက်တော့ တစ်ခဏ ပျောက်ဆုံးသွားစေတယ်။ သူက ဟန်ကျွမ်းချွမ်ကို တွန်းလိုက် ဆွဲလိုက်လုပ်ကာ ငိုချလုနီးပါး ပြောလိုက်တယ်။

'' အခု ချက်ချင်း အင်ပါယာကို ပြန်ကြရအောင်နော်!  ဒီနေရာမှာ ဆက်မနေတော့ဘူးနော် ဟုတ်ပြီလား?''

'' အန်းမူ! ''

ခေါင်းဆောင် နီးလ်က အန်းမူရဲ့ လက်မောင်းကို ဆုပ်ကိုင်ကာ လူကို သူ့ဘက်ရောက်အောင် ဆွဲချင်နေလေတယ်။ ဒါပေမယ့် အိုမီဂါလေးက သူ့အယ်ဖာကို မလွတ်တမ်း ဆွဲထားလေတယ်။

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now