အပိုင်း (13)

4K 523 27
                                    

[Unicode] (13)

ဒီဆေးပေးခန်း ကုသရေးနေရာက သူတို့ရဲ့ ရင်းနှီးဖော်ရွေတက်မှုကြောင့် နာမည်ကျော်ကြားတဲ့ နေရာပဲဖြစ်တယ်။ ပြီးတော့ ဒေါက်တာ ပုကျားရဲ့ ကုသရေးနည်းလမ်းတွေ ကြောင့် ပိုလို့တောင်ကျော်ကြား တယ်လို့ပြောလို့ရလေတယ်။

ဒါ့အပြင် ထိုဆေးပေးခန်း တည်နေရာက လူချမ်းသာတွေနေတဲ့ နေရာနဲ့ တော်လေးကို နီးကပ်တဲ့အတွက်ကြောင့် ထောက်ပံ့ရေး ပစ္စည်းတွေ က တစ်ခြားနေရာတွေထက် ပိုများများ ရလေတယ်။ ဒါကြောင့်မို့ တစ်ခြားဘယ်ဆေးပေးခန်းထက် မဆို လာရောက်ကုသတဲ့ သူတွေအတွက်  ပိုမိုကောင်းမွန်တဲ့ သက်တောင့်သက်သာ ဖြစ်စေမယ့် ပတ်ဝန်းကျင် လေးရှိနေတာပေါ့လေ။

ကုသသူ နားနေဆောင်ခန်းမကြီးအတွင်း ထိုင်နေစဥ်မှာ အန်းမူက အပြစ်လုပ်မိထားတဲ့ကလေးငယ်လေး တစ်ယောက် လိုမျိုး ဖြစ်နေလေတယ်။ သူ့ဘေးကအယ်ဖာက သူ့ဆက်သွယ်ရေးစက်ကိုသူ ငုံ့ကြည့်နေစဥ် အန်းမူက ခေါင်းကိုငုံ့ထား ပြီးတော့ လက်နှစ်ဖက် ကိုခပ်တင်းတင်းဆုပ်ထားကာ တစ်ကိုယ်လုံး က အဆင်ပြေမနေပါ ဆိုတဲ့ပုံကိုဖော်ပြထား လေတယ်။

အန်းမူမှာ ဟန်ကျွမ်းချွမ်ရဲ့ ဆက်သွယ်ရေးစက်ကို ကြည့်ဖို့ရာ ခွင့်ပြုချက်မရှိတဲ့အတွက် ဟန်ကျွမ်းချွမ် ဘယ်သူနဲ့စကားပြောနေတယ် ဆိုတာကို သူလုံးဝမသိရပါပေ။

ဟန်ကျွမ်းချွမ် က ချောင်ရှောင်ပိုင် ဆီမှ စာကို ရိပလိုင်းပြန်နေတာပဲ ဖြစ်လေတယ် ။ ပို့လို့တဲ့ စာကတော့ ဓာတ်ပုံ၂ ပုံပဲဖြစ်လေတယ်။ ထိုထဲက တစ်ပုံမှာ ယန်ဟဲနဲ့ ချောင်ရှောင်ပိုင်တို့ စစ်တပ်ကန်တင်းမှာ အတူတူစားသောက်နေကြတဲ့ ပုံပဲဖြစ်တယ်။ ထိုပုံထဲမှာတော့ ယန်ဟဲတစ်ယောက် ကင်မရာထဲမှာ သူ့မျက်နှာ ကို မပေါ်စေချင်နေမှန်း သိသာထင်ရှားနေခဲ့တယ်။

တစ်ခြားပြောရရင် ဟန်ကျွမ်းချွမ် တောင်မှပဲ သူ့မျက်နှာ နဲ့ ကင်မရာ မျက်နှာချင်းဆိုင်မိရင် ချက်ချင်းပဲ သတိအပြည့် ဖြစ်သွားတက်တယ်လေ။ ဒါကစစ်သားတိုင်းရဲ့ ရှည်လျား လှတဲ့အသိဉာဏ်ပိုင်းဆိုင်ရာ သင်ခန်းစာတွေ ကြောင့် ဖြစ်ပေါ်လာတဲ့ အလေ့အကျင့် တစ်ခု ပဲလို့ပြောလို့ရပါတယ်။

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now