အပိုင်း (23.2)

2.5K 351 5
                                    

[Unicode] (23.2)

ဖြူဖွေးနေတဲ့ ကိုယ်လေးက သူ့အရှေ့မှာ ပေါ်ထွက်လာတဲ့ အခါမှာတော့ ဟန်ကျွမ်းချွမ်ရဲ့ နားရွက်ဖျားတွေ က ရဲတက်လာ ပြီးတော့ အဝေးကို သဘာဝမကျစွာနဲ့ အဝေးကို လှည့်ကြည့်လိုက်လေတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ အန်းမူက ထိုအရာကို မမြင်နိုင်ခဲ့ပါပေ။

အန်းမူက အရမ်းကို ပိန်ပါးနေခဲ့လေတယ်။ ပိန်တာမှ စက္ကူစလေးလိုပဲ။ သူစားလိုက်တဲ့ အစားအသောက်တွေ ဘယ်ရောက်သွား သလဲဆိုတာကို ဟန်ကျွမ်းချွမ် မသိတော့ပါပေ။

အန်းမူက အရမ်းကို စိတ်လှုပ်ရှား မွန်းကြပ်နေတာကြောင့် ဟန်ကျွမ်းချွမ် က သူ့ရဲ့နောက်ကျော လေးကို ဖိပေးလိုက်တယ်။

'' ဗိုလ်မှုး ကျွန်တော့် ဘာသာ ကျွန်တော် လုပ်လိုက်ပါ့မယ်!''

အမျိုးသားရဲ့ လက်ဖဝါး တစ်ခုလုံးက ရေချိုးဂျယ်တွေနဲ့ ပြည့်နေခဲ့လေတယ်။ ထိုလက်တွေက အန်းမူရဲ့ ကိုယ်လေးကို စတင်ပွတ်ပေး တဲ့အခါမှာတော့ အေးစက်တဲ့အထိအတွေ့က သူ့ရဲ့ စိတ်ဝိဉာဥ်ကိုတောင် တုန်လှုပ်သွားစေတယ်။ ပြောရမယ့်ဆိုရင် သူကရှက်သွေးဖြာနေတာကို ဟန်ကျွမ်းချွမ် သိသွားမှာကို ကြောက်နေခဲ့တာပဲ ဖြစ်တယ်။

ဟန်ကျွမ်းချွမ်က သူ့ရဲ့လက်ကို အနောက်ဘက်ဆီ မသိမသာလေးနဲ့ ရုပ်သိမ်းလိုက်ပြီးတော့ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ရှက်သွေးဖြာနေမှုကို ဖုံးကွယ် လိုက်လေတယ်။

ရေချိုးတဲ့ လုပ်ငန်းစဥ်က အမြန်လေးပဲ ပြီးသွားခဲ့လေတယ်။ ဒါပေမယ့် နေရာတိုင်းတော့ ကောင်းကောင်း သန့်စင်ခဲ့ပါတယ်။ အန်းမူက ပျော့ပျောင်းတဲ့ ဘောင်းဘီရှည် ဝတ်ပြီးတဲ့အခါ ဟန်ကျွမ်းချွမ်ပေးခဲ့တဲ့ ပဝါကို သူ့ရဲ့ခေါင်းပေါ်ကို ပစ်တင်လိုက်ပြီးတော့  စိုနေတဲ့ဆံပင်တွေကို သုတ်နေလေတယ်။

ရေချိူးခန်းထဲက ရေကျသံတွေ ရပ်သွားတဲ့အခါမှာတော့ အန်းမူက သူ့စိတ်ထဲက မှတ်ဉာဏ်အတိုင်း လိုက်ပြီးတော့ ရေချိုးခန်း ဘက်ကို အကျင့်ဖြစ်စွာနဲ့ လှည့်ကြည့်လိုက်လေတယ်။ 

ဟန်ကျွမ်းချွမ်က သူ့ရဲ့လက်ထဲမှာ ဆံပင်လေမှုတ်စက် ယူလာခဲ့လေတယ်။
အန်းမူရဲ့ ဆံပင်လေးတွေက ရှည်နေပြီမို့ သူ့ရဲ့ မျက်ခုံးမွှေးလေး တွေအထိကို ကျနေခဲ့လေတယ်။  ပြီးတော့ ပျော့ပျောင်းတဲ့ ဆံနွယ်လေးတွေကို ကိုင်ကာ လေမှုတ်ပေးနေတာကြောင့် သူ့လက်ထဲမှာ အနည်းငယ် ယားကျိကျိလေး ခံစားရလာလေတယ်။

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now