အပိုင်း (2.1)

10.1K 1.1K 11
                                    

{Unicode }(2.1)

ဟန်ကျွမ်းချွမ် ရဲ့ ကိုယ်ပေါ် မှာ ကွက်တိကျနေတဲ့ စစ်ယူနီဖောင်း ကို ဝတ်ဆင်ထားတာကြောင့် သူ့ရဲ့ ကျယ်ပြန့်တဲ့ ပုခုံးနဲ့ ကျစ်လျစ်တဲ့ ခါးကို မြင်တွေ့နိုင်မှာ ဖြစ်ပြီးတော့ စစ်ဦးထုပ်ဆောင်းထားတဲ့ အတွက်ကြောင့် သူရဲ့ မျက်ခုံးတွေက အရမ်းကို ထူထဲနေတာကို တွေ့ရပါလိမ့်မယ်။

သူက လူတွေကို သာမန်လိုမျိုး ကြည့်လိုက်ပေမယ့် ထိုအရာကပဲ လူတွေကို သူ့ဆီကနေ ခြေလှမ်း အနည်းငယ် လောက်ကို ဆုတ်သွားစေနိုင်လောက်တဲ့အထိ ပြင်းထန်ပါတယ်။ ထိုကဲ့သို့ အရှိန်အဝါ ရှိတဲ့လူက အ​ပြင်ဘက် တံခါးနားမှာရပ်နေခဲ့တယ်။

အိမ်သာ ရေဆွဲချသံကို ကြားပြီးတဲ့နောက်မှာတော့ ရေချိုးခန်း တံခါးက လော့ခ်ဖွင့်လာခဲ့တယ်။ ပြီးတော့ အထဲကနေ ဖိနပ်အပါးလေးကို စီးကာ လမ်းလျောက်လာတဲ့ အသံတွေကိုကြားတော့ ဟန်ကျွမ်းချွမ်က သူ့ရဲ့ခေါင်းကို အနောက် ဆီကို လှည့်ကြည့် လိုက်တယ်။

အန်းမူက ရေချိူးခန်း တံခါးနားမှာ တုံ့ဆိုင်း နေတဲ့ အကြည့်တစ်ခု နဲ့ ရပ်နေပြီး တော့ သူ့ကို ဟန်ကျွမ်းချွမ် က ကြည့်နေတာကို မြင်တဲ့အခါ အလေ့အကျင့် အရ ထိုလူရဲ့ အကြည့်ကို ရှောင်တိမ်း လိုက်ပြီး သူ့နှုတ်ခမ်း လေးကို ကိုက်ကာ စကားတစ်ခွန်း မှမပြောပဲ သူရှေ့ကလူ ရွေ့သွားပေးမှာ ကိုစောင့်မေးနခဲ့တယ်။

ထိုလူက ဘာကြောင့် သူ့ကို ကြည့်နေသလဲ ဆိုတာကိုတော့ သူလည်း မသိတော့ပါ ပေ။ သူက ၅ နှစ်လုံး အထီးကျန်စွာ တစ်ယောက် ထဲနေခဲ့ရပြီးတော့ သူ့ရှေ့က လူကသူ့ကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးသားဖြစ်လေတယ်။ သူက အန်းမူကို လုံးဝ ချစ်လာမှာမဟုတ်ဘူး ဆိုတာကိုပေါ့။ ဒါပေမယ့် အန်းမူက ကံကောင်း ခြင်းလေးတွေကို စုစည်းပြီးတော့ ထိုလူက သူ့အပေါ်ပြန်ချစ်လာ လိမ့်မယ်လို့ မျှော်လင့် ချက်လေး ရှိနေဆဲပါပဲ။

ခံစားလွယ်တဲ့ အိုမီဂါတစ်ယောက် အနေနဲ့ မနေ့ညက အဖြစ်အပျက် မှာ အချစ်မပါဘူး ဆိုတာကို ခံစားမိနိုင်တယ်။ ပြီးတော့ ထိုလူ့အတွက်တော့ ဒါဟာ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အရလိုအပ်မှုကို ဖြည့်ချင်ရုံတင်ဆိုတဲ့ အကြောင်းလို့ကို ထည့်မတွက် နိုင်ပါပေ။

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now