အပိုင်း (11.4)

3.7K 519 5
                                    

[Unicode] (11.4)

လရောက်ဟာ ပြတင်းပေါက် ကနေ ဖြတ်လာပြီးတော့ အဝါရောင် မီးအလင်းရောင် နဲ့အတူ ရောယှက်ကာ စားပွဲပေါ်ကို ကျရောက်နေခဲ့ပါတယ်။ ဟန်ကျွမ်းချွမ်က စိတ်အနှောင့်အယှက်ဖြစ်စွာနဲ့ပဲ ဆံပင်ကိုသပ်ကာ ကိုလိုနယ်ရုံးခန်းထဲမှာရှိတဲ့  အိပ်ခန်း တံခါးကိုသာ ဖွင့်လိုက်တော့တယ်။

ထိုလှုပ်ရှားမှုက သိပ်မကြီးပေမယ့် အယ်ဖာတစ်ယောက် အတွက်တော့ အချက်ပေးသံတွေညံသွားစေ တဲ့အထိလုံလောက် ပါတယ် ။ ထပ်ပြီးနှိပ်စက် ခံရလို့နိုးလာတဲ့ ကိုလိုနယ်ခမျာ နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော် နေရာကနေ ထပ်ပြီးအနှောင့်ယှက် ခံလိုက်ရတာကြောင့် သူ့ရဲ့ဒေါသတွေက လွတ်ထွက်လုနီးပါးပဲ။

" ဘာလုပ် အုံးမလို့လဲ?? မင်းပြီးပြီလား? !''

ကိုလိုနယ် မားကတ်စ်က ပြောလိုက်တယ်။

ဟန်ကျွမ်းချွမ်က ခေါင်းငြိမ့်ပြ ကာ အိပ်ယာရဲ့ ခြေရင်းဘေးမှာ ဝင်ထိုင် နေရင်းနဲ့ ခေါင်းကို တစ်ခဏလောက် ငုံ့ထားပြီးတော့မှ ကိုလိုနယ်ကို လေးလေးနက်နက် နဲ့မေး လိုက်တော့တယ်။

" အိုမီဂါက ကျွန်တော့် အပေါ် အရမ်းဂရုစိုက်လွန်းတယ်။ ကျွန်တော် ဘယ်လိုလုပ်ရမလဲ? "

" မင်းက အန်းမူ အကြောင်း ကို ပြောနေတာလား ''

ကိုလိုနယ်က မေးလိုက်ပြီး စိတ်ကိုလျော့ကာ ခုတင် ခေါင်းရင်းကိုမှီလိုက်တယ်။

" ဒီကို ညသန်းခေါင်ကြီး လာပြီးတော့ မင်းတို့ရဲ့ အချစ်တွေကို ငါ့ဆီလာကြွားတာလားကွ၊ ထွက်သွား စမ်းဟိတ်ကောင် ၊ ငါမနက်ဖြန် ကျရင် မဟာဗျုဟာတိုးတက်ရေး ဆွေးနွေးပွဲကို တက်ရအုံးမှာကွ။ ငါကမင်းရဲ့ အထက်အရာရှိဆိုတာ သတိလေးရအုံး။ မင်းလည်းအခုတလော လုပ်စရာတွေများ နေတယ်လို့ ငါတော့ထင်တာပဲ။ ''

ဟန်ကျွမ်းချွမ် က တကယ်ကြီးကို အလုပ်ရှုပ်နေခဲ့တာပါ။ ဘာလို့လဲ ဆိုတော့ ဒီမတော်တဆမှု ကြောင့် ပဲလေ။ စစ်တပ်ဘက်ကလည်း ဟန်ကျွမ်းချွမ်ကို ဒီဓားပြတွေအမြစ်ပြတ် သုတ်သင်ရေး မစ်ရှင်မှာပါဝင်ခွင့်မပြုလို ဟန်ပဲ။ ပြီးတော့ အင်တာနက်ပေါ်မှာတောင် ပျံ့နေတဲ့အီးမေးလ်တွေထဲက တစ်စောင်ကိုတောင်မှ သူ မရရှိခဲ့ဘူးလေ။

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now