အပိုင်း (23.1)

2.2K 343 0
                                    

[Unicode] (23)

အန်းမူက စစ်တပ်ဆေးရုံမှာ ၂ ပတ်လောက်နေခဲ့ရလေတယ်။ ထိုအချိန်တွေ အတောအတွင်းမှာ သူ့ကို ဟန်ကျွမ်းချွမ်ကသာ ဂရုစိုက်ပေးရလေတယ်။

အန်းမူက မျက်စိမမြင်ရတဲ့ အတွက်ကြောင့် အရာအားလုံး ကို လုပ်ရကိုင်ရတာ အဆင်မပြေနေပါပေ။ ထမင်းစားတာ လိုမျိုး ၊ အဝတ်ချွတ်တာ ၊ အဝတ်လဲတာ မျိုးတွေပေါ့။ ဟန်ကျွမ်းချွမ်က အန်းမူကို အဖော်ပြုပေး ပြီးတော့ ထိုအရာတွေကို သူကပဲ လိုက်လုပ်ပြီး ဂရုစိုက်ပေးရလေတယ်။

ပြီးတော့ ဒီအယ်ဖာဟာ ဆိုရင်ဖြင့် အန်းမူကို အပြင်စာတွေ မစားစေပဲ အိမ်မှာသာ ချက်ပြီးတော့ ဆေးရုံဆီကို ယူလာပြီးကျွေး ခဲ့ပါတယ်။

ဟန်ကျွမ်းချွမ်က စစ်တပ်ယူနီဖောင်းနဲ့ အရမ်းကို လိုက်ဖက်ပြီး ဆွဲဆောင်မှုတွေ ရှိနေတာကြောင့် အန်းမူဆေးရုံ တက်နေရတဲ့ ရက်တွေအတော အတွင်းမှာ သူ့ကို ခင်မင်ကြတဲ့ လူတွေလည်း အတော်တိုးလာခဲ့ပါတယ်။

'' ဗိုလ်မှုးဟန်က တော့အစားအသောက်တွေ လာပို့ပြန်ပြီပဲ''

သန့်ရှင်းရေး တာဝန်ကျနေတဲ့ အန်တီကြီးက ဟန်ကျွမ်းချွမ်ကို အပြုံးလေးနဲ့ နှုတ်ဆက်လိုက်တယ်။ ဟန်ကျွမ်းချွမ် က ခေါင်းကို ပေါ့ပါးစွာပဲ ငြိမ့်ပြလိုက်တယ်။ ဒါကို တုံ့ပြန်မှု တစ်ခုလို့ မှတ်ယူလို့ ရပါတယ်။

ထို အရာရှိက အေးစက်တဲ့ပင်ကို စရိုက်ရှိပြီးတော့ ပေါင်းသင်းရ ခက်ခဲတဲ့ စရိုက်ရှိတဲ့အတွက်ကြောင့် အစကလူတော်တော် များများ က ကြောက်လန့်ခဲ့ကြတယ်။ ဒါပေမယ့် အဲ့အရာရှိက သူ့အိုမီဂါလေး ကို ဘယ်လိုကျွေးမွေးသလဲ ဆိုတာကို တွေ့ပြီးတဲ့နောက်မှာတော့ သူ့အပေါ်မှာ ထားတဲ့လူတွေရဲ့ ကြောက်စိတ်က အနည်းငယ် လျော့ပါးသွားလေတယ်။

ဟန်ကျွမ်းချွမ် တစ်ယောက် တံခါးဖွင့်လိုက်တဲ့အချိန်မှာတော့ အတော်လေးကို တုန်လှုပ်သွားခဲ့လေတယ်။ အန်းမူဟာ ခြေထောက်လေးကို တွဲလောင်းချ ထားပြီးတော့ ကုတင်ပေါ်မှာ ကိုယ်တစ်ဝက်ကို မှီပြီးတော့ ထိုင်နေတာကို မြင်သွားတဲ့ အချိန်မှာပေါ့။

'' မင်း ထရင်လည်း ဘာလို့ ဒီလိုကြီး ထိုင်နေရတာလဲ?''

အခုမှ ထ ထိုင်နေတဲ့ အန်းမူက လန့်ဖြတ်သွားပြီးတော့ အနောက်ကို ပြန်လန်ကျ သွားလေတယ်။ ပြီးတော့ မျက်နှာမှာ ရှက်သွေးဖြာ လာပြီးတော့ ပြောလိုက်တယ်။

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now