အပိုင်း ( 2.3)

8.8K 1.2K 41
                                    

{Unicode } (2.3)

အန်းမူတစ်ယောက် စကားပြော ပြီးတဲ့နောက် သူ့ကြောင့် ပြုတ်ကျသွား တဲ့ အဝတ်တွေကို လိုက်ကောက်နေတော့တယ်။ လက်ထဲမှာ အဝတ်တင်သံ ပိုက်လုံးလေးကို ကိုင်ထားတာက အရမ်းကိုရီစရာကောင်းလေတယ်။

ဟန်ကျွမ်းချွမ် က အန်းမူ ရဲ့အရေပြားတွေပေါ်ကို သေချာဂရုစိုက် စစ်ဆေးပြီးမှ သူ့မျက်လုံး တွေက လည်ပင်းပေါ်မှာ တန့်သွားလေတယ်။

ထိုနေရာကို ရိုးရှင်း စွာပဲပိတ်ကျဲစနဲ့ ချည်နှောင် ထားကာ ချည်ထားတာလဲ နည်းလမ်းမကျပေ။ ပြီးတော့ တစ်ချက် ကြည့်လိုက် ရုံနဲ့တင် ထိုလူက အဲ့ဒဏ်ရာကိုသေချာ ဂရုမစိုက်ဘူး ဆိုတာကို သိနိုင်တယ်။

ဟန်ကျွမ်းချွမ် ရဲ့ လက်ထဲက ပလပ်စတစ် အိတ်အကြည့်ထဲမှာတော့ ဆေးအပြည့်ပါတဲ့ ဆေးသေတ္တာလေး ရှိနေခဲ့တယ် ။ ဟန်ကျွမ်းချွမ် က အန်းမူဘေးနားကနေ ကပ်လျောက်ကာ နူးညံ့တဲ့ ကော်ဇော်အောက်ခံ ခင်းထားတဲ့ပေါ်ကို  ဖြတ်ပြီးတော့ အိစက်နေတဲ့ ဆိုဖာခုံပေါ်မှာ ထိုင်လိုက်တယ်။

" ဒီကိုလာခဲ့''

" ..... ဘာလဲဟင်?''

အန်းမူရဲ့ အသံလေးက တိုးသထက် တိုးသွား တယ်။ တစ်ကယ်လို့ သူသာ ဒီနေရာမှာ ရှိမနေဘူး ဆိုရင် သူ့အိုမီဂါလေး ရဲ့အသံကိုတောင် ကြားရမှာမဟုတ်လေဘူး။ အစောက သူတံခါး ဝမှာရပ်နေတုံးကလည်း ထိုကြောင့်ပဲ သူ့အိုမီဂါလေး ရဲ့အသံကို မကြားရတာပေါ့လေ။

ဟန်ကျွမ်းချွမ် က ခေါင်း ကိုလှည့်ကာ  သူ့အိုမီဂါလေး ကို စိုက်ကြည့် လိုက်တယ်။ ထိုနေရာ မှာ အယ်ဖာတစ်ယောက် သာဆို သေးထွက်ကျ လောက် တဲ့အထိ ပြင်းထန် တဲ့အကြည့် တစ်ချက်ပါပဲ။

သူ့ကို စစ်အကယ်ဒမီက သူ့အိုမီဂါလေး အပေါ် ဘယ်လို မျက်လုံး နဲ့ကြည့်ရမလဲဆိုတာကို မသင်ပေးခဲ့ ကြပါဘူး။ ဒါကြောင့် သူက ခက်ထန်နေတဲ့အကြည့်ပေးလိုက်မိတဲ့ အခါ  အန်းမူရဲ့ ကိုယ်လေးကတုန်တက် သွားပြီးတော့ သူပြောတဲ့အတိုင်း ဖြေးဖြေးလေး လျောက်လာခဲ့တယ်။

" ဒီမှာထိုင် ''

ဟန်ကျွမ်းချွမ် က အန်းမူထိုင်ရမယ့် နေရာကို ညွှန်ပြလိုက်တယ်။ မက်တပ်ရပ် နေတဲ့ အန်းမူရဲ့ နှလုံးသား လေးကတော့ တဒိန်းဒိန်းနဲ့ဆောင့်ခုန်နေခဲ့ပါတယ်။ ဒါကြောင့် အသက်ကိုပြင်းပြင်းရှုကာ စိတ်ငြိမ်အောင် လုပ်နေရတယ်။

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now