အပိုင်း (11.1)

3.8K 491 8
                                    

[Unicode] (11.1)

" ကိုယ် အဆင်​ပြေတယ် ''

ဟန်ကျွမ်းချွမ်က ခြောက်သွေ့စွာနဲ့ အန်းမူကိုပြောလိုက်တယ်။ အိုမီဂါ လေးရဲ့ မျက်ရည် တွေက စစ်တပ် ယူနီဖောင်း ပေါ်ကိုတစ်စက်ချင်း ပေါက်ခနဲ ကျနေဟန်က စောင့်စားနေရတဲ့သူအတွက် အတော့်ကိုစိတ်ပူပန် နေခဲ့ရမှန်းသိနိုင်လေတယ်။

" ဗိုလ်မှုးရေ ကျွန်တော့်အဖေကို ပြောပြီးအရှင်မင်းကြီးဆီမှာ ဝင်ရောက် တောင်းပန်ခိုင်းလိုက်မယ်လေနော်''

အန်းမူက သူ့ရဲ့ အင်္ကျီ လက်တွေကို ခပ်တင်းတင်း ဆုပ်ကိုင်ပြီး မျက်နှာပေါ် က မျက်ရည် တွေကိုသုတ် လိုက်တယ်။

အပြင်မှာရပ်နေတဲ့ ကိုလိုနယ်မားကတ်စ် ကလည်းထိုမြင်ကွင်းကို ဆက်ပြီးမကြည့်နိုင်တော့ပေ။ အပြင်ဘက်ရောက်နေပြီမို့ စောင့်ကြည့်ကင်မရာမရှိတော့တဲ့ အတွက်ကြောင့် ချောင်းပေါ့ပေါ့ပါးပါး တစ်ချက်ဆိုးကာ မျက်စိတစ်ဖက် ပင့်ပြလိုက်တော့တယ်။

ဟန်ကျွမ်းချွမ် က သဘောပေါက် ပါတယ်။ ဒါကြောင့်လဲ ပထမဆုံးအကြိမ်အနေနဲ့ အန်းမူကိုပြန်ပွေ့ဖက်လိုက်ပြီးတော့ အိုမီဂါ လေးရဲ့အတွင်းပိုင်း ပူပန်နေမှုကို သက်သာစေဖို့ရာ ပျော့ပျောင်း တဲ့ ဆံပင်လေးကိုပွတ်ပေးလိုက်ပြီးတော့ သူ့ရဲ့ပြင်မရတဲ့ နဂိုအေးစက်တဲ့ ငြင်သာမှုမရှိတဲ့အသံနဲ့ ငိုနေတဲ့ အိုမီဂါ လေးကိုကြည့်ကာ ပြောလိုက်တော့ တယ်။

" ကိုယ် ... ကိုယ်မကြာခင်အိမ်ကို ပြန်လာရတော့မှာပါ''

သူ့ရဲ့တိုက်ခိုက်ခဲ့မှုကို စစ်တပ် ကလက်မခံနိုင် ဘူးဆိုတာကို ဟန်ကျွမ်းချွမ် သိပါတယ် ။ ဒါပေမယ့် သူတို့က သူ့ကိုအနည်းငယ်တော့ အပြစ်ပေးပြီး ခံစားခိုင်းအုံးမှာပဲ ဆိုတာကိုလည်း သူသိပါတယ် ။

အမှန်တိုင်းပြောရရင် ဟန်ကျွမ်းချွမ်ကလည်း သူ့ရဲ့ရာထူးတာဝန်ကို တိုက်ရိုက်ကြီး အလွဲသုံးစား လုပ်ခဲ့တာမှမဟုတ်တာလေ။ သူနဲ့သူ့ရဲ့အဖွဲ့တို့က အင်ပါယာမှာရှိတဲ့ လူတွေအတွက် ကြယ်ဓားပြတွေကို တိုက်ခိုက်ပေးခဲ့လို့ ကြီးမားတဲ့လုပ်ဆောင်မှု လို့တောင် သတ်မှတ်နိုင်ပြီးတော့ သူတို့အဖွဲ့အတွက် ခရက်ဒစ် အမှတ်တွေတောင် ရအုံးမယ်လေ။

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now