အပိုင်း (50) Extra 2

3.7K 312 10
                                    

(50) extra 2

အဲ့နေ့ည အိပ်တဲ့ အချိန်မှာ ကလေးရအောင် ဘယ်လိုအကောင်းဆုံး လုပ်ပေးရမလဲ ဆိုတာကို တွေးနေမိတဲ့ ဟန်ကျွမ်းချွမ် က ကိုယ့်ဘာသာကိုယ် ထူးဆန်းတယ်လို့ ထင်နေမိခဲ့တယ်။

မနက်ခင်း တစ်ခုမှာတော့ ဧည့်သည်အိပ်ခန်းထဲ က ဘန်းဆိုပြီးတော့ လေးလံတဲ့ အရာကြီးတစ်ခု ပြုတ်ကျသွားတာကိုကြား လိုက်ရပြီး ကလေးအော်သံပါ တစ်ပါတည်း ပါလာခဲ့လေတယ်။

ဟန်ကျွမ်းချွမ်က မျက်မှောင်ကြုတ် ကာ ပြတင်းပေါက် ကို လှမ်းကြည့် လိုက်တယ်။ ဒါဟာ ဘိုးဘေးငယ်လေး မနက်ခင်း အစောကြီး နောက်တစ်ကြိမ် နိုးလာပြီ ဆိုတဲ့ လက္ခဏာ တစ်ရပ် ပါပေ။

သူ့ဘေးမှာ အိပ်နေတဲ့ အန်းမူ က အိမ်မက်ထဲ ကနေ နိုးထဖို့ လှုပ်ရှား ရုန်းကန် နေခဲ့တယ်။ ဟန်ကျွမ်းချွမ် က ချက်ချင်းပဲ ပူဖောင်းနေတဲ့ အန်းမူရဲ့ ဗိုက်လေးကို စောင်နဲ့ အုပ်ပေးလိုက်ကာ ပြန်ချော့သိပ်သလို ပုတ်လိုက်ပြီး အသံ လေးလေးနဲ့ ပြောလိုက်တယ်။

'' ရှောင်အန်း က ပြဿနာ ရှာပြန်ပြီ။ ကျွန်တော် သွားပြီး ကြည့်လိုက် အုံးမယ်နော်''

ရှောင်အန်း ဆိုတဲ့ ကလေးလေးက အန်းမူရဲ့ အန်းကို ယူထားပြီး ဟန်ကျွမ်းချွမ်ရဲ့ မျိူးရိုး ဟန်ကို သယ်ထားတဲ့ ' ဟန်အန်း ' ဆိုတဲ့ သူတို့ရဲ့ ပထမဆုံး သားလေး ဖြစ်ပြီးတော့ အလွန်ဆိုးသွမ်းတဲ့ '' အယ်ဖာ '' လေးပဲ ဖြစ်လေတယ်။

နှစ်အနည်းငယ် အတွင်းမှာပဲ အန်းမူက နောက်ထပ် ကိုယ်ဝန် ထပ်ရလာခဲ့တယ်။ ဟန်အန်း က အခုချိန်ထိ ကျွေးမွေး ပြုစုစောင့်ရှောက် ဖို့လိုအပ်နေဆဲပါပဲ။ ဒါပေမယ့် ဟန်ကျွမ်းချွမ်ရဲ့ ပါးစပ်ထဲမှာတော့ သူ့သားက ပုန်ကန်တဲ့  ကောင်စုတ်လေး အဖြစ်သို့ ရောက်လို့နေခဲ့ပါပြီ။

'' ကိုယ်ပဲ သွားလိုက်ပါမယ်။ မင်းလေး အိပ်တော့ ''

ဟန်ကျွမ်းချွမ် က အန်းမူရဲ့ နဖူးလေးကို နမ်းကာ ချော့မြူလိုက်တယ်။ ဒါကြောင့် အန်းမူက ပြန်အိပ်ပျော်သွား တော့တယ်။

ဒီနှစ်တွေမှာ အန်းမူက မာချခ် စာသင်ကျောင်းကို အောင်မြင်စွာ တည်ထောင် နိုင်ခဲ့တယ်။ နေရာက အရမ်း မကြီးပေမယ့် ကျောင်းသား အနည်းငယ် ကတော့ ရှိဆဲပါပေ။ ထို ကလေး အများစုက ၁၇ ၊ ၁၈ လောက်လေးတွေပဲ ဖြစ်ပြီးတော့ မာချခ်ကို စိတ်ဝင်စားသူ တွေပဲ ဖြစ်လေတယ်။

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now