အပိုင်း (48. 3) [Final]

2.9K 266 6
                                    


(48.3)

ညလယ်ခေါင်ကြီးမှာ သူတို့ သုံးယောက် ဘာသာပဲ တစ်ခြား အစည်းအဝေး တစ်ခုကို ကျင်းပ လိုက်ကြတယ်။ ထိုဟာက တုက်ရိုက်ပဲ ကိစ္စရဲ့ လားရာမှန် သမျှကို ဆုံးဖြတ်ချက် ချခဲ့တယ်။ သူတို့က ကီရှန်ဂြိုဟ်နဲ့ ပူးပေါင်းပြီးတော့ မာရှယ်ကြီးဂိုးလ်ရဲ့ စစ်တပ်ကို ဖျက်ဆီးကြဖို့ ဆုံးဖြတ်ချက် ချခဲ့လေတယ်။

ဟန်ကျွမ်းချွမ်က ခေါင်းဆောင် နီးလ်ကို တိုက်ရိုက် ခေါ်ဆိိုလိုက်ပြီးတော့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြောပြလိုက်တယ်။ သေချာတာပေါ့ သူက မတက်နိုင်ပေမယ့် သူ့ဂြိုဟ် ကိုတော့ ထောက်ပံ့ပေး ရမှာပေါ့လေ။

ဒါပေမယ့် နီးလ်က ထို ကိစ္စတွေကို အန်းမူအကုန်သိနေပြီ ဆိုတာကို ဟန်ကျွမ်းချွမ် ဆီမပြောပြခဲ့ပေ။ တကယ်လို့ ဂြိုဟ် တစ်ခုရဲ့ သေရေး ရှင်ရေးကို ကြုံတွေ့နေရခဲ့ရင် သူက ထိုနှစ်ဖက် လုံးကို ထိုကိစ္စကြီး ပြီးတဲ့အထိ  ဖုံးကွယ်ထားဖို့ စိတ်မကူးပေ။

ကီရှန် စစ်သည်တွေ အကုန်လုံး လုပ်ထားတဲ့ မာချ်ခ်တွေကို ဝတ်ဆင်ထား ပေမယ့် အခုအခြေအနေကြီးက သူတို့ကို ခြောက်လန့်နေဆဲ ပါပဲ။ ဒီနေ့လန်းဆန်းနေတဲ့ အန်းမူရဲ့ မျက်နှာပြင်ပေါ်မှာ  ရှုပ်ထွေးတဲ့ အကြည့်တွေ ပေါ်လာလေတယ်။

ဒီနေ့ ဘယ်လိုများ သူ က ဟန်ကျွမ်းချွမ်နဲ့ မျက်နှာချင်း ဆိုင်ရင် ဘယ်လိုအခြေအနေ မျိူးနဲ့ ရင်ဆိုင် ရမလဲ ဆိုတာ အန်းမူ မသိတော့ပါပေ။

အကွာအဝေး တစ်ခုကနေ အင်ပါယာ ရဲ့ စစ်ပွဲယာဥ်ကို မြင်လိုက်ရ တဲ့အခါ လူတိုင်းက နိုးနိုးကြားကြား သတိဝီရိယ ရှိလာကြလေတယ်။ စစ်ပွဲယာဥ်က အပေါ်မှာ ရှိနေဆဲပဲ။

မာရှယ်ကြီး ဂိုးလ်က ယာဥ်ရဲ့ အရှေ့မျက်နှာစာ မှန်မှာ ရပ်တန့်နေပြီးတော့ အောက်က လူတွေကို ပုရွက်ဆိတ်သာသာ အသေးအဖွဲ တွေ ကိုကြည့်နေသလိုမျိူး ​အထင်သေးစွာ ကြည့်နေကာ သူရဲ့ နှုတ်ခမ်း ထောင့်မှာ လှောင်ပြောင် လိုတဲ့ အပြုံးက ပေါ်လာခဲ့လေတယ်။

'' အင်ပါယာက နောက်ဆုံး ဆုံးဖြတ်ချက်ကို ချဖို့ အတွက်ရာ တွန်းအား မပေးချင်ဘူး။ တကယ်လို့ အဲ့တာက အဝိုင်းခံ ရတုံး လက်နက်ချမယ် ဆိုရင် ဘာသွေးထွက် သံယိုမှ ဖြစ်လာစရာ မရှိတော့ဘူးနော် ''

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now