အပိုင်း (28. 1)

2K 332 1
                                    

[28. .1]

အခုတော့ ထိုကောင်လေးက လှည့်စားနေတယ် ဆိုတာကို ခေါင်းဆောင် နီးလ် သိသွားတော့ ပိုပြီးတော့ စိတ်သက်သာ ရာရသွားလေတယ်။ ဒါပေမယ့် သူ့အနေနဲ့ ထိုကောင်ငယ်လေးရဲ့ လှည့်ဖျားမှုကို ပြီးဆုံးအောင်ထိ အဖော်လုပ်ပေး ရတော့မှာပေါ့လေ။

တစ်စုံတစ်ယောက် အထဲကို ဝင်လာတော့မယ့် အချိန်မှာ အထဲက လူကို သတိပေးတဲ့ အနေနဲ့ တံခါးလေးကို ယဥ်ကျေးစွာနဲ့ ခေါက်လိုက်တယ်။

အန်းမူက စောင်ထဲမှာ နစ်မြုပ်လိုက် ပြီးတော့ ကွေးကာ တိုးတိုးလေး ရေရွတ် နေခဲ့လေတယ်။

'' ဆရာဝန်ကို တစ်ချက်လောက် လာကြည့် ခိုင်းလိုက်ပါဦးလေ ''

ခေါင်းဆောင် နီးလ်က အခန်းထဲ ဝင်လာကာ အန်းမူရဲ့ နဖူးလေး ပေါ်က ဆံပင်လေးတွေကို ပင့်တင်ပြီး ပြောလိုက်ကာ ဆရာဝန် လာပြီး စမ်းသပ်နိုင်ဖို့ရာ ကုတင်ဘေး တစ်ဘက်ကို ဖယ်ပေးလိုက်တယ်။

အန်းမူကတော့ ထိုဆရာဝန်ရဲ့ မျက်နှာကို မမြင်ရတာကြောင့် အနည်းငယ် ကြောက်လန့်နေမိတယ်။ ပြီးတော့ ထိုဆရာဝန်က ဒီအခြေအနေကို ဖော်ထုတ်လိုက် ပြီးတော့ ဦးလေး နီးလ်ကို ဝမ်းနည်း သွားစေ မှာလည်း စိုးရိမ်နေမိတယ်။ ဒါကြောင့် သူက စောင်လေးကို တိတ်တိတ်လေး ဆုပ်ကိုင်ထားရင်း ဘာစကား တစ်ခွန်းမှ မ​ပြောခဲ့ပေ။

ဟန်ကျွမ်းချွမ်က ပဲ အရှေ့ကို တိုးလာပြီးတော့ ပြောလိုက်တယ်။

'' ခေါင်းဆောင်နီးလ် ဒါက အန်းမူရဲ့ ရောဂါ ဟောင်းပါ။ သူနားလိုက်ရင် သက်သာ သွားမှာပါ''

ထိုစကားကို ကြားလိုက်တဲ့ လူအိုကြီးခမျာ အရမ်းကို စိတ်ပျက်သွားပြီးတော့ တစ်ချိန်ထည်းမှာပဲ သူ့တူလေး က ခေါင်းလေး မြန်မြန် ငြိမ့်ပြတာကို တွေ့တော့ သူအရမ်းတွေ ဒေါသ ထွက်လာတယ်။ သူ့ခမျာ သူ့ရဲ့ ဒေါသတွေကိုသာ ပြန်ဖိနှိပ်လိုက် ပြီးတော့ နှုတ်လေးတွေကို တွန့်ကွေးကာ ပြန်တုံ့ပြန်လိုက်တယ်။

'' ဒါဆိုလည်း ကောင်းကောင်း အနားယူနော် ကျို့ကျို့ ( ဦးလေး) က မနက်ဖြန် ကျရင် မင်းကို လာကြည့်မယ်နော်''

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now