အပိုင်း ( 36. 1)

2K 299 1
                                    

(3 6.  1)

ပထမဆုံး အကြိမ်ကြီး ဖုန်းမဖြေ လိမ့်မယ်လို့ အန်းမူ မမျှော်လင့်ထားပါပေ။ အန်းမူရဲ့ သတ္တိတွေက ထွက်ပြေးသွားတာကြောင့် ဆက်သွယ်ရေးစက်ကို ကိုင်ထားဖို့ရာ သိပ်ပြီးအဆင်မပြေတော့ပါပေ။  ဒါကြောင့် ဟန်ကျွမ်းချွမ်ကပဲ သူ့ကို အနည်းငယ် ထပ်ပြီး​ ချော့မော့လိုက်ရတယ်။

ဟန်ကျွမ်းချွမ်​က ခေါင်းဆောင်းနီးလ်ကို သဘောမကျပေမယ့် သူက အန်းမူရဲ့ ဦးလေး ဖြစ်နေတုံးပဲလေ။ ပြီးတော့ တစ်ဦးတည်းသော ဆွေမျိုးလို့လဲ မှတ်ယူလို့ ရတယ်လေ။

တကယ်လို့ သူသာ အန်းမူကို ရှေ့တိုးဖို့ တွန်းအားမပေးရင် သူကြောက်မိတာက သူ့အိုမီဂါလေးဟာ အမြဲတမ်း အပြစ်ရှိစိတ် ဖြစ်နေမှာကိုပဲ။

'' အန်းမူ? ''

ခေါင်းဆောင်နီးလ်ရဲ့ အနည်းငယ် အံ့သြ သွားတဲ့ အသံက ဆက်သွယ်ရေး စက်ထဲ ကနေ ခပ်ပါးပါးလေး ထွက်လာခဲ့တယ်။ ခေါင်းဆောင်နီးလ် သူ့အတွေးတွေ ပျောက်သွားတာကို သဘောပေါက်သွား ပြီးတော့ သူက ချက်ချင်းပဲ သူ့ရဲ့ ပုံမှန် စိတ်အခြေအနေကို ချက်ချင်း ပြန်ပြောင်း ခဲ့တယ်။

'' ကျို့ကျို့? ''

အန်းမူက မလွယ်ကူဘူးလို့ ခံစားလိုက်ရတာကြောင့် ဟန်ကျွမ်းချွမ်ကို ကြည့်လိုက်ကာ သူ့ရဲ့ လက်ကို ဆုပ်ကိုင်ထားပြီးတော့ တိတ်ဆိတ်မှု ထဲ ကျရောက် သွားလေတယ်။

ဒါကြောင့် ခေါင်းဆောင်နီးလ်က အရင်ဆုံး စကား စပြောလိုက်တယ်။

'' မင်းတို့ အင်ပါယာဂြိုဟ်ကို ကောင်းကောင်း လုံခြုံစွာနဲ့ ပြန်ရောက်ရဲ့လား''

ထိုစကားဟာ အန်းမူ တစ်ယောက်ထဲ အင်ပါယာကို လက်ထပ်ပြီး လိုက်သွားတဲ့ အဖြစ်ကို အန်းမူပြန်သတိ ရသွားစေတယ်။ အဲ့တုံးကလည်း ခေါင်းဆောင်နီးလ်က သူ့ကို ဒီလိုမျိုးပဲ မေးခဲ့တာပဲ ဖြစ်လေတယ်။

'' ကျွန်တော် မှားသွားပါတယ်။ ကျွန်တော် က ကျို့ကျို့ကို အော်ပြီးတော့ ရန်မဖြစ်ခဲ့သင့်ပါဘူး။ ''

ထိုစကားတွေ ထွက်သွားတဲ့ အချိန်မှာပဲ မျက်ရည် တွေက မထိန်းနိုင်ပဲ ပြိုကျ လာတယ်။

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now