အပိုင်း (22.8)

2.4K 380 2
                                    

[Unicode] (22.8)

စစ်တပ်ဆေးရုံဆိုတာက စစ်ဘက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေ ကိုကုသပေးဖို့ရာ အထူးဖွင့်လှစ်ထား တာပင်ဖြစ်လေတယ်။ ပြီးတော့ တာဝန်ဆောင်ရွက်ရင်းနဲ့ ဒဏ်ရာရလာတဲ့ အရေးပေါ်ကိစ္စ တွေဆိုရင်လည်း အမြန်ကုသလို့ရလေတယ်။

ဒါကြောင့်မလို့ ထိုနေရာက တစ်ခြားနေရာတွေထက် အများကြီး ပိုကောင်းမွန်နေပြီးတော့ အဝင်အထွက်ကိုတော့ လုံးဝကို တင်းကြပ်နေကာ ဘယ်ဘေးအန္တရာယ်မှ ဖြစ်မလာစေရန် အပြည့်အဝကို ကာကွယ်ပေးထားလေတယ်။

ဆေးရုံရဲ့ လျောက်လမ်း ဘေးတစ်ဖက်မှာ ရှိနေတဲ့ မှန်နံရံပေါ်ကနေ သူ့ရဲ့ ရုပ်သွင်ကို မြင်လိုက်ရတဲ့ အချိန်မှာတော့ ဟန်ကျွမ်းချွမ် တစ်ယောက် သူ့ရဲ့ပုံကို သဘာဝမကျစွာနဲ့ မမှတ်မိနေတော့ပါပေ။ အရင်တုံးက သူယူနီဖောင်း ဝတ်ထားတဲ့အချိန်မှာ အန်းမူက အရမ်းသဘောကျခဲ့လေတယ်။ ဒါပေမယ့် အခုလိုမျိုး ပုံစံကိုသာ သူတွေ့သွားရင် ကောင်လေးက ငိုနေအုံးမှာ များလားပဲ။

ဒီလိုတွေးမိလေတော့ ဟန်ကျွမ်းချွမ် တစ်ယောက် သူ့နှလုံးသားထဲမှာ အနည်းငယ်ပျော် လာမိတယ်လို့ ခံစားရလေတယ်။

ဆေးရုံခန်း တံခါးကို တွန်းဖွင့်လိုက်တဲ့အချိန်မှာတော့ အထဲက လေအေးတွေက သူ့ကိုရိုက်ခက်လာပြီးတော့ ပိုးသတ်ဆေး အနံ့တွေက ခပ်ဖျော့ဖျော့ ရောယှက်ကာ တံခါးကို ဖွင့်လိုက်တဲ့ အသံက ကျယ်လောင်သွား လေတယ်။

ပရော်ဖက်ဆာ ပေါ်လန်က ဆေးရုံရဲ့ကုတင်ဘေးမှာ စာအုပ်လေးကိုင်ကာ အန်းမူရဲ့ ကိုယ်ရေးရာဇဝင်ကို ဖတ်ပြီး ထိုင်နေခဲ့လေတယ်။ သူက ဟာသစကားတွေ ပြောတဲ့အချိန်မှာဆို သူ့အပြောခံရတဲ့လူရဲ့ ဘဝထဲက အကြောင်းအရာတွေကို ဟာသလေးနှောပြီး ပြောလေ့ရှိတယ်။ အဲ့လိုမျိုးလေး အန်းမူကို ပြောပြတဲ့အခါ ကောင်လေးက မျက်လုံးလေးတွေကို လခြမ်းကွေးလေး လိုမျိုး ဖြစ်အောင် ပြုံးသွားလေ့ရှိတယ်။

ပရော်ဖက်ဆာ ပေါ်လန်ရဲ့အသံက ရုတ်တရက်ကြီး ရပ်သွားတာကြောင့် အန်းမူက မသိလိုက်ပဲ ထူးဆန်းစွာနဲ့ ခေါင်းကို လှည့်ကာ ကြည့်လိုက်တယ်။

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now