အပိုင်း ( 48. 2) [final]

2.2K 207 0
                                    

( 48. 2)

သူတို့တွေက အခန်းထဲမှာ နည်းဗျူဟာတွေ ကို ချမှတ်ကြလေတယ်။ ရှင်းလင်းစွာ ဖော်ပြရရင် လောင်ဟီတုန်နဲ့ ဟန်ကျွမ်းချွမ်တို့ သာ ဆွေးနွေးနေကြတာပဲ ဖြစ်လေတယ်။ ပြီးတော့ အစ်ရှ် ဟ ကတော့ ထို ကိစ္စကနေ အပြင်ထွက်လု နီးပါး လူတစ်ယောက် ဖြစ်နေခဲ့တယ်လေ။ သူက ထိုလူတွေ နှစ်ယောက် အခုလောက်ထိ အတွေးကောင်းလိမ့်မယ် လို့ မထင်ထား ဘူးလေ။

ယာယီ သေခြင်ယောင် ဆောင် မျိုးတွေ ကဲ့သို့ ပြောတဲ့အချိန်နဲ့ သူက အရှင်လူးဝစ်ကို ရိုးရှင်းစွာ သတ်ပစ်ဖို့ ပြောတဲ့ အချိန်မှာဆို နားထောင်ရသူ ခမျာ ကြောက်လွန်းလို့ တုန်ရီမိစေတယ်။

လောင်ဟီတုန်က တိတ်ဆိတ်စွာ ရေသောက်လိုက်ပြီးတော့ အစ်ရှ်ဟကို မျက်စိစွေကြည့်ကာ ပြောလိုက် တယ်။

'' မင်းအကုန်လုံးကို ကြားလိုက်တယ် မလား ''

ဒီတစ်ကြိမ် မှာတော့ အစ်ရှ်ဟ က ခေါင်းလည်း မငြိမ့်သလို ခေါင်းလဲ မခါခဲ့ပေ။ သူက နေရာမှာတင် အေးခဲနေပြီးတော့ မျက်လုံးတွေ ကိုပဲ လှည့်နေခဲ့တယ်။ ထို အန္တရာယ် ရှိတဲ့ လုပ်ရပ်အပေါ် တုန့်ပြန်ဖို့ စဥ်းစား  နေခဲ့တယ်။

'' မေ့လိုက် ၊ ပါးစပ်ပိတ်ထားတော့ ''

ဟန်ကျွမ်းချွမ် က ထရပ်ကာ သူ့လက်သီးကို အစ်ရှ်ဟဆီ ထိုးဖို့ လုပ်လိုက်တယ်။ ထိုဟာကို တွေ့တော့ အစ်ရှ်ဟ ခမျာ ခုန်ပြီးအနောက်ကို ဆုတ်သွားကာ သူ့ရဲ့ခေါင်းကို ပွေ့ဖက်ပြီး ပြောလိုက်တယ်။

''ငါ ပါ ဝင်ပါ့မယ်လို့! ''

နှစ်ယောက် စလုံးက အချင်းချင်း ကြည့်လိုက်တယ်။ သူတို့ရဲ့ ရည်မှန်းချက် က အောင်မြင် လု နီးပါး ဖြစ်နေပြီးတော့ အစ်ရှ်ဟ သာ ပါဝင်တယ် ဆိုလို့ကတော့ အရာအားလုံးက လုံးဝကို လွယ်ကူသွား ပြီပဲ ဖြစ်လေတယ်။

လုပ်ဆောင် စရာတွေက အဆုံးထိ ချောမွေ့နေခဲ့တယ်။ ဒါပေမယ့် နီးလ် ဘက်မှာ တော့ အလုပ်မဖြစ်ခဲ့ ပါပေ။ သူက အာကာသယဥ် ကို အောင်မြင်စွာ ပျံသန်းနိုင်ခဲ့ ပြီးတော့ စကြဝဠာ ထဲ ရောက်နေပြီ ဖြစ်သော်လည်း အန်းမူရဲ့ အခြေအနေ ကတော့ စိုးရိမ် နေရတုံးပဲ ​ဖြစ်လေတယ်။

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now