အပိုင်း( 40.2)

1.7K 245 0
                                    

(40. 2)

အန်းမူက သူ့ကျောင်းသား ဆီကနေ ဒီလိုမျိုး အထင်သေးတဲ့ စကားမျိုး ကြားလိုက်ရတော့ သူ့ရှေ့က ကျောင်းသားကို ချက်ချင်းပဲ မုန်းတီး သွားလေတယ်။ ထိုကောင်လေးက ဘယ်လောက်ပဲ အတန်းထဲမှာ အလေးအနက်ရှိနေ ပါစေ သူ့ရှေ့မှာ သူ့အယ်ဖာကို ကောင်းသလား ဆိုးသလား ဆိုတာကို ပြောစရာ အပြစ်တင်စရာ မလိုအပ်ပါပေ။

'' ကိုလိုနယ်ရဲ့ အခြေအနေ က ပိုပြီးတော့ ထူးခြားတဲ့ နေရာမှာ ရှိတယ်။ ပြီးတော့ သူက သာမန်လူတွေ လိုမျိုး လွတ်လွတ်လပ်လပ် ထွက်ချင်တဲ့ အချိန် ထွက်လို့ မရဘူး။ ''

အန်းမူက ပထမဆုံး အကြိမ်အနေနဲ့ မာကျောနေတဲ့ အသံနဲ့​ပြောတာ ပဲ ဖြစ်လေတယ်။ သူ့ နှလုံးသား ထဲမှာ မသက်မသာ ခံစားနေရပေမယ့်လည်း ဟန်ကျွမ်းချွမ်အတွက် ကာကွယ်ပြောဆို ပေးချင်တာက ပိုသာလေတယ်။

( လင်ထိပ်ထားစံ လေးပါဆို 🤣)

အမြဲတမ်း ညင်သာ သိမ်မွေ့နေတဲ့ သူလေးက ရုတ်တရက်ကြီး တွန်းကန်လာမယ်ဆိုရင် တွေ့ရသူအဖို့ အတော်လေးကို တမျိုးကြီး ခံစားရလေတယ်။
အေ့စ်က ပြောလိုက်တယ်။

'' ကျွန်တော် တောင်းပန်ပါတယ် ဆရာ။ ကျွန်တော်က ဒီလိုသဘောမျိုးနဲ့ ပြောလိုက်တာ မဟုတ်ပါဘူး ''

စိတ်ကို အနည်းငယ် တည်ငြိမ်အောင် လုပ်ပြီးနောက် အဲ့တာက အနည်းငယ် ရယ်မောစရာ ကောင်းမှန်း တွေ့လိုက်ရလေတယ်။ သူက ဟန်ကျွမ်းချွမ်အတွက် ဒီလောက်ကြီးထိ မတုံ့ပြန်သင့်လိုက်ဘူး။

အခုမှ အသစ်ဖြစ်လာတဲ့ မကျေနပ်မှုက ဒေါသအဖြစ်နဲ့ အေ့စ်ပေါ်ကို ကျရောက် သွားတာပေါ့လေ။ အန်းမူက ခေါင်းကို တစ်ဖက်လှည့်ကာ ပြန်ပြီး မရှင်းပြနေပါတော့ချေ။

'' ဒါဆို အဆင်ပြေပါတယ် ''

သူက သူ့အနောက်ကနေ သန်မာတဲ့ ပွေ့ဖက်မှုထဲကို ကျရောက်သွားပြီး နွေးထွေးသွားကာ အန်းမူက အနံ့ရလိုက်တယ်။ ရင်းနှီးကျွမ်းဝင် နေတဲ့ ဆေးရွက်ကြီး ရနံ့ကြောင့် အန်းမူရဲ့ မျက်လုံးလေးက အံ့သြ လွန်းလို့ ပြူးကျယ်သွားတယ်လေ။ သူက ချက်ချင်းမော့ ကြည့်လိုက်ကာ ပျော်ရွှင် သွားတယ်။

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now