အပိုင်း 1.2

11.7K 1.5K 63
                                    

{Unicode }(1.2)

ပူလောင်နေတဲ့ နွေရာသီ နေ့အလင်းရောင်တွေက လိုက်ကာ အပါးတွေကို ထိုးဖောက်ဝင်ရောက်လာခဲ့ပြီးတော့ အဖြူရောင် အိပ်ယာကြီးပေါ်ကို ဖျာကျနေလေတယ်။

ထိုနှင်းဖြူရောင် အိပ်ယာကြီး တစ်ခုလုံး ရှုပ်ပွနေကာ စောင်တွေကလည်း ကြမ်းပြင်ပေါ် ကို ပြုတ်ကျနေကာ အဝတ်တွေကလည်း ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေခဲ့ပါတယ်။ ထိုအရာကို ကြည့်ချင်း အားဖြင့် ထိုအဝတ်တွေကို သူတို့ချွတ်တဲ့အချိန်မှာ ဘယ်လောက် တောင်အမြန်လိုပြီးတော့ စိတ်မရှည် ဖြစ်နိုင်သလဲ ဆိုတာကို သိနိုင်တယ်။

ဟန်ကျွမ်းချွမ်ဟာ ခေါင်းအပြင်းအထန် ကိုက်ခဲနေရင်းနဲ့ နာကျင်ညည်းတွားလျက် ထိုအိပ်ယာပေါ်မှာ မှုန်ဝါးစွာနိုးထလာခဲ့တယ်။

သူ့ရဲ့ လက်ဖဝါးတွေက နွေးထွေးနေတဲ့ အရေပြားကို ထိတွေ့မိတဲ့အခါမှာတော့ သူကချက်ချင်းကို နိုးထလာခဲ့တယ်။

မှတ်ဉာဏ် တွေက သူ့ခေါင်း ထဲကို အများအပြား စုပြုံတိုးဝင်လာတာကြောင့် အတော်လေးကို မူးဝေသွားခဲ့တယ်။

သူက အန်းမူ ကို လက်မောင်းထဲမှာ ပွေ့ထားရင်း ကင်းမျှော်စင်မြင့်ရဲ့ အပေါ်ကနေ ခုန်ချခဲ့တာ မဟုတ်ဘူး လား။ အဲ့လောက်အမြင့်ကနေ ကျတာတောင်မှပဲ သူက အသက်ဆက် ရှင်နေသေးတယ်ပေါ့လေ။

သူက အနီးကပ် တစ်ချက်ဝေ့ကြည့် လိုက်တော့ ထိုအိပ်ခန်းက အနည်းငယ် ရင်းနှီးနေသလိုခံစား လိုက်ရတယ် ...... ဒါက သူ ဗိုလ်ချုပ်ကြီး ဖြစ်တုံးက နေခဲ့တဲ့ တိုက်ခန်းမဟုတ်လား။

ဒါက ဘယ်လိုလုပ်ဖြစ်နိုင် မှာ​တဲ့လဲ။

ဒါဆိုရင် သူ့ဘေးမှာ အိပ်နေတဲ့ ပုဂ္ဂိုလ် က........ ။

ဟန်ကျွမ်းချွမ် က ဖြူဖွေးနေတဲ့ လည်ပင်းလေးကို သာမြင်ဖို့ မျှော်လင့်ခဲ့မိပေမယ့် သူတွေ့လိုက်ရတာကတော့ သူက ထိုလည်ပင်းကနောက်ကနေ ကိုက်ထားတာကြောင့် သွားရာခပ်နက်နက်ကြီး အကွင်းလိုက်ဖြစ်နေတဲ့ လည်ပင်း လေးကို သာတွေ့လိုက်ရတယ်။

ထိုအချိန်မှာပဲ အခုက ဘယ်အချိန်ရောက်နေသလဲ ဆိုတာကို သိလိုက်ရ တယ်။

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now