အပိုင်း (14)

3.7K 518 6
                                    

[Unicode] (14)

အမြဲတမ်း နာခံလေ့ရှိတဲ့လူက ရုတ်တရက်ကြီး ဆန့်ကျင်လာပြီဆိုရင် တစ်ခြားတစ်ယောက် မှာ ကို့ယို့ကားယားနဲ့ အလိုမကျမှုဖြစ်ပေါ်လာလေ့ ရှိတယ်။ ဟန်ကျွမ်းချွမ် ရဲ့ နှလုံးသားထဲမှာလည်း ဖော်မပြနိုင်တဲ့ ဆုံးရှုံးမှုနဲ့ ဒေါသမီးလေး တောက်လာတာမို့ နှုတ်ခမ်းကို တင်းတင်းစိကာ စကားမပြောပဲ တစ်ဖက်ကို လှည့်သွားပါတော့တယ်။

( သူကပဲ စိတ်ဆိုးရတယ်ရှိသေး)

နောက်တော့ သူက အိုမီဂါ လေးကို ဆုပ်ကိုင်ပြီးတော့ အတင်းဆွဲခွာလိုက်ကာ စောင်တွေကြားမှာပိတ်ထားလိုက်တယ်။ ကောင်လေးရဲ့မျက်နှာပေါ်က နီရဲနေမှုက အခုချိန်ထိကိုပျောက်ကွယ်မသွားသေးပေ။ ဒါပေမယ့် ဆွဲလှည့်ခံရခြင်းပဲ ထိုကောင်လေးက မျက်စိကို ပြန်ပြီးတော့ မှိတ်ချလိုက်တာကာ မျက်နှာကို အဝေးဆီလွဲပစ်လိုက်တာကို  တွေ့လိုက်ရတယ်။

သူက စကားမပြောတာတောင်မှပဲ အန်းမူရဲ့  နှလုံးသား က သူ့ကိုခုခံနေမှန်း ဟန်ကျွမ်းချွမ်သိပါတယ်။ ဒါကြောင့်မို့ ဟန်ကျွမ်းချွမ်က သူ့ကိုလွတ်ပေးလိုက်ပြီးတော့ ထိတွေ့နေတာကိုလည်း ရပ်တန့်လိုက်တော့တယ်။

အိပ်ခန်းတံခါး ကို သွားပိတ်လိုက်တဲ့အခါ အိပ်ယာပေါ်က ထိုကောင်လေး က အိပ်ပျော်သွားပြီဆိုတာကို ဟန်ကျွမ်းချွမ်တွေ့လိုက် ရလေတယ်။ အိပ်နေတဲ့ ကောင်လေးရဲ့ ပန်းရောင် နှုတ်ခမ်း ပါးလေးက ပိတ်လိုက် ပွင့်လိုက်ဖြစ်နေတာက ပန်းချီကားတစ်ချပ်လိုပါပဲ။

သူ ပြန်မမွေးဖွားခင်ကဆို အိမ်ပြန်မလာတဲ့ အချိန်တွေမှာ ရာသီထိန်းဆေးထိုးဖို့ မုန်းတီးနေတဲ့ အိုမီဂါ လေးခမျာ ဘယ်လိုနေခဲ့ရမလဲဆိုတာကို သူတွေးကြည့်နေမိတယ်။

ဟန်ကျွမ်းချွမ် က ဧည့်သည် အိပ်ခန်းထဲကို မပြန်တော့ပဲ ပင်မအိပ်ခန်းထဲက ဆိုဖာပေါ်ထိုင်ကာ လက်ထဲမှာ ဆေးထိုးပြွန်အလွတ်ကို ကိုင်ထားရင်း အစောကဖြစ်ပျက်ခဲ့သမျှကို ပြန်လည်သုံးသပ်တွေးတော နေခဲ့တယ် ။

ရုတ်တရက်ပဲ နံရံကြီးတစ်ခုလုံးက ခပ်ပါးပါးလေး လှုပ်ခက်သွားပြီးတော့ ပြင်းထန်တဲ့လေတစ်ခုက သူ့ကိုဖြတ်တိုက်သွားတယ်လို့ ခံစားလိုက်ရတဲ့ အခါမှာတော့ သူ့နှလုံးသားထဲမှာ ဆိုးဝါးတဲ့ခံစားချက်ကြီးတစ်ခုကို ခံစားလိုက်ရတယ်။

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now