အပိုင်း (9.1)

4.7K 596 9
                                    

[Unicode] (9.1)

အိပ်ခန်းထဲ ကနေ ပြန်ထွက်လာ တဲ့အခါမှာတော့ ဟန်ကျွမ်းချွမ် ရဲ့ မျက်လုံးတွေက ပြောင်းလဲ သွားလေတယ်။ သူ အရက်မူးပြီးတော့ စိတ်ရှုပ်ထွေးမှုတွေ ခဏတာ ပျောက်ကွယ်သွားတယ်ဆိုတာက မှန်ပါတယ် ။ ဒါပေမယ့် အန်းမူက သူ့အပေါ် တက်ထိုင်တဲ့ အချိန်မှာတော့ သူနိုးနေခဲ့ပါပြီ။

အယ်ဖာတွေဟာ အိုမီဂါတွေရဲ့ အနံ့တွေကို စန်းစန်းတင့်တုံ့ပြန်တက်ကြတာ သဘာဝပဲလေ။ သူတို့၂ ယောက်ကြားက လုပ်ခဲ့သလို အသားချင်းထိရင် ပိုတောင် စန်းစန်းတင့်သေးတယ်။

ဟန်ကျွမ်းချွမ် က သူ့ရဲ့ လက်မောင်း ကို အသာပွတ်လိုက်တယ်။ ထိုပေါ်မှာ အိုမီဂါလေးရဲ့ အပူချိန်ကကျန်ရှိ နေဆဲဖြစ်ပြီးတော့ ဗီလိန်လေးကို အခုချိန်ထိ ပွေ့ထားရသလိုမျိုး ခံစားချက် ကိုပေးစွမ်းနေလေတယ်။

ဟန်ကျွမ်းချွမ် တစ်ယောက် ခေါင်းကိုငုံ့ကာ ထိုအကြောင်း ကိုအကြာကြီး စဥ်းစားနေခဲ့တယ်။ နောက်တော့ မှောင်မဲနေတဲ့ အိပ်ခန်းထဲကနေ အလင်းရောင် ဖျော့ဖျော့လေး လင်းလာခဲ့တယ်။

" ဒီအလင်းရောင်လောက်ဆို လုံလောက် သွားပါပြီ ''

အာရုဏ်ဦး အချိန်မှာတော့ ဟန်ကျွမ်းချွမ်က ဆက်တိုက်တုန်ခါနေတဲ့ သူ့ရဲ့ဆက်သွယ်ရေး စက်ကြောင့် နိုးလာခဲ့တယ်။ သူ့ရဲ့ မျက်လုံးတွေကိုဖွင့်လိုက်တဲ့ အခါမှာတော့ နေမင်းလေးရဲ့ အလင်းရောင် တွေက တိုးထွက်လာပြီဖြစ်ပေမယ့် အရိပ်ကျရလောက်တဲ့အထိတော့ မဟုတ်ခဲ့ပါပေ။

မိမိ ကိုယ်ကို စည်းကမ်း တင်းကြပ်သူ တစ်ယောက် အနေနဲ့ ထိုအချိန်မှာ ထဖို့ရာစွမ်းအား မရှိဘူးလို့ မဆိုလိုပေ။ ဒါကြောင့်မို့ သူ့ရဲ့ခွန်အားကို ထိန်းချုပ်ကာ ဆက်သွယ် ရေးစက်ကို မချိူးမိအောင်ထိန်းရင်း ထလိုက်တယ်။ ဘာလို့လဲဆိုတော့ ထိုဆက်သွယ်ရေးစက်က စစ်တပ်ကနေချပေးထားတဲ့ အထူးသီးသန့်စက်ဖြစ်ပြီးတော့ အော်တိုအင်တာနက်ပါချိတ်ပေး နိုင်လို့ပဲဖြစ်လေတယ်။

ထိုစက်ကိုသာချိုးမိသွားရင် အထက်ကို စာတင်ပေးဖို့လိုတယ်။ အဲ့စက်ကဘာကြောင့် ပျက်သွားသလဲဆိုတဲ့ အကြောင်းကိုပါထည့်ရေး ပေးဖို့လိုတယ်။ တကယ်လို့ထိုစက်ကို သူချိုးမိလို့ပျက်သွားမှန်း ကိုလိုနယ် မားကတ်စ်သိသွားလို့ကတော့ နောက်နှစ်အနည်းငယ်ကြာတဲ့ အထိ သူ့ကိုလှောင်နေမှာသေချာတယ်။

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now