အပိုင်း (6.3)

5.2K 739 1
                                    

[Unicode]

အန်းမူ တစ်ယောက် အသက်ရှု ရတာ ခက်ခဲ နေတဲ့အချိန် မှာဟန်ကျွမ်းချွမ်က သူ့ရဲ့ဆက်သွယ်ရေးကိရိယာ ကနေပြီးတော့ ဆေးဝါးကုသရေး အဖွဲ့ဆီကိုလည်း အမြန်လာခဲ့ ဖို့ရာဆက်သွယ်ဖို့ မမေ့ခဲ့ပေ။

တကယ် လို့ သူတို့မရောက်ခင်အတွင်း အန်းမူ မသက်သာပါက သူဟာအန်းမူကို စိတ်ငြိမ်ဆေး ထိုးပေးတော့မှာပဲ ဖြစ်တယ် ။

" ဘာ... ဘာ လက်ထောက်လည်း ဟင်''

အန်းမူရဲ့ မျက်လုံး တွေက နီရဲနေသေးပေမယ့် ဟန်ကျွမ်းချွမ် ရဲ့ အဝတ်အစား တွေကို တင်းတင်း ဆုပ်ကိုင်ရာမှလွတ်ပေး လိုက်ပြီပဲ ဖြစ်တယ် ။ နောက်ဆုံး မှာတော့ အန်းမူက မျက်ရည် တွေကိုသုတ်လိုက်ပြီးတော့ ဆိုဖာပေါ်ကို ထိုင်ဖို့ရာ ကြမ်းပြင် ကနေထလိုက်တယ်။ ဒါပေမယ့် အစောလေးက သူဟာ ဟန်ကျွမ်းချွမ် ရဲ့လက်မောင်းတွေကြား ပစ်ကျလဲသွားပြီး သူ့အယ်ဖာက အခုထိသူ့ကို ပွေ့ဖက်ထားမှန်း သိသွားတော့ အိုမီဂါ လေးရဲ့မျက်နှာရော လည်ပင်းတွေပါ နီစွေးသွားလေတယ်။

ဟန်ကျွမ်းချွမ် ကတော့ ပုံမှန် အတိုင်းဖြစ်နေပြီးတော့ ဘာမှကို မခံစား ရပေ။ သူဟာသူ့အိုမီဂါကို လက်မောင်း တွေကြားပွေ့ထားပြီးတော့ အသက်ကောင်းကောင်း ရှုနိုင်စေရန်အတွက် ကျောကိုခပ်ဖွဖွ လေးပုတ်ပေးနေခဲ့တယ်။

" ပရော်ဖက်ဆာ ပေါ်လန်လေ။ ကိုလိုနယ် မားကတ်စ် ရဲ့ အမျိုးသား အိုမီဂါ လေ။ သူက အင်ပါယာထိပ်တန်း နံပါတ်တစ် တက္ကသိုလ် မှာသင်ပေးတဲ့ ပါမောက္ခ တစ်ယောက် လေ။ နောက်နှစ် ဝက်အတွက် သူက mecha စက်ရုပ်တွေ အ​ကြောင်းကို သင်ကြားပေးရတော့မှာ မလို့လက်ထောက် တစ်ယောက် လိုနေတာလေ။ ဒါကြောင့် ကိုယ် က ကိုလိုနယ် ဆီကို မင်းကိုထောက်ခံချက်ပေးခဲ့လိုက်တယ်။ ''

" ကျွန်တော်... ''

အန်းမူ ရဲ့ မျက်ဝန်းတွေက ပြူးကျယ် သွားပြီးတော့ ထိုအခိုက်အတန့် လေးမှာ ဟန်ကျွမ်းချွမ် ကိုပဲ စိုက်ကြည့်နေခဲ့တယ်။ ထိုအချိန် မှာတော့ အစောက ခံစားခဲ့ရတဲ့ အပြစ်ရှိစိတ်နဲ့ ဝမ်းနည်းစိတ်တွေက လုံးဝကို လွင့်ပြယ်သွား ပြီပဲ ဖြစ်တယ် ။

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now