အပိုင်း (16)

3.5K 419 6
                                    

[Unicode] (16)

ဟန်ကျွမ်းချွမ်တစ်ယောက် ဒီရက်တွေမှာ အိမ်ကနေ ခက်ခက်ခဲခဲနဲ့ ထွက်လာခဲ့ရပြီးတော့ ပုကျားနောက်ကို အနီးကပ်လိုက်ကာ ကာကွယ်ပေးရလေတယ်။ ပြီးတော့ ကိုယ်ပေါ်မှာသယ်ဆောင် နိုင်တဲ့ လက်နက်အသေးစားလေးတွေကို သိုလှောင်ရုံဆီကနေ ထုတ်ယူလာပြီးတော့ ကိုယ်ပေါ်မှာ ဖွက်ထားရလေတယ်။

ချောင်ရှောင်ပိုင် က ဟန်ကျွမ်းချွမ် ဆီကိုစာပို့ပြီးတော့ စမ်းသပ် မှုကနေရရှိလာတဲ့ အကျိူးရလဒ်တွေကို လာရောက် ကြည့်ရှုခိုင်းတာတောင်မှပဲ ဟန်ကျွမ်းချွမ်က လျစ်လျူ ရှုထားခဲ့လေတယ်။ ဘာပဲပြောပြော အနာဂတ်မှာ ပုကျားကပိုအရေးပါတဲ့ သူပဲလေ။

အဲ့ပုကျားကို ထည့်မတွက်ရင်တောင်မှပဲ ဗိုင်းရပ်စ်ဖြစ်လာခဲ့ရင် မားမားမတ်မတ် ရပ်တည်ပြီးဦးဆောင် တိုက်ခိုက်နိုင်တဲ့ လူတွေအများကြီး ရှိပါတယ် ။ ဒါပေမယ့် ဟန်ကျွမ်းချွမ် က ဒီလို စွန့်ပစ် တာမျိုးတော့ မလုပ်ချင်ပေ။ ဆရာဝန်ပုကျားက တကယ့်ကိုကောင်းမွန်တဲ့ သူတစ်ယောက်ဖြစ်ပြီး ကိုယ်ကျိူးမငဲ့တက်သူ မလို့ထိုကဲ့သို့လူတွေကို ဟန်ကျွမ်းချွမ် တကယ်ကြီး လေးစားလေတယ်။

ညနေခင်း တစ်ခုမှာ ဟန်ကျွမ်းချွမ်တစ်ယောက် လမ်းဘေး က စားသောက်ဆိုင် အသေးလေးမှာ ထိုင်နေခဲ့လေတယ်။ စားပွဲခုံနဲ့ ကုလားထိုင်တွေမှာ နှစ်ပေါင်းများစွာ အခိုးအငွေ့တွေစွဲကပ် ခဲ့တာကြောင့် ထူထဲပြီးစေးကပ်နေတဲ့ ခံစားချက် မျိုးကိုရခဲ့လေတယ်။ ပြီးတော့ သူအသက်ရှုလိုက်တဲ့ အခါတိုင်းမှာ လည်း သင်းပျံတဲ့ ငါးကြော်ချက် အနံ့လေးကို ရနေလေတယ်။

ဟန်ကျွမ်းချွမ် ဟာ လက်တိုအင်္ကျီကို ဝတ်ထားပြီးတော့ စီးကရက်တစ်လိပ်ကို နားရွက်ကြားထဲညှပ်ကာ မျက်မှန်ကိုတော့ ခေါင်းပေါ်တင်ထားလေတယ်။ သူ့ကိုကြည့်ရတာ အခုမှအလုပ်ဆင်း လာတဲ့ သာမန်ပြည်သူတစ်ယောက် နဲ့ဘာမှမခြားပေ။ သူ့ရဲ့မျက်နှာချင်းဆိုင် မှာတော့ ပုကျားကထိုင်နေခဲ့တယ်။

ဟန်ကျွမ်းချွမ် ရဲ့အတွေးထဲမှာ ဆရာဝန်အများစုက အသန့်အလွန်ကြိုက်ပြီးတော့ ရောဂါပိုးအတင်မခံနိုင်တဲ့သူတွေ ပဲဖြစ်ကြတယ်။ ဒါပေမယ့် ပုကျားကတော့ ဒါတွေကိုသိပ်ဂရုစိုက် မနေခဲ့ပါပေ။

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now