အပိုင်း(10.3)

3.7K 524 12
                                    

[Unicode] (10.3)

ဟန်ကျွမ်းချွမ် တစ်ယောက် စစ်ဆေးမေးမြန်းခြင်း အခန်းထဲကို ခေါ်သွားခံလိုက်ရပြီးတော့ ထိုအထဲမှာတော့ သူ့ရဲ့အထက်လူကြီး ကိုလိုနယ်မားကတ်စ်က ထိုင်နေခဲ့လေတယ်။ သူလည်းအထဲကိုဝင်လာ တဲ့အခါမှာ တော့ ကိုလိုနယ်မားကတ်စ်က ဒေါသထွက်နေတဲ့ မျက်နှာနဲ့ဟန်ကျွမ်းချွမ်ကို စိုက်ကြည့်နေခဲ့တယ်။

" ကိုလိုနယ် မားကတ်စ်''

ဟန်ကျွမ်းချွမ် ရဲ့လက်မှာတော့ လျပ်စစ် လတ်ထိပ်ခတ်ခံထားရလေတယ်။ တကယ်လို့ လှုပ်ရှားမှုကြီးကြီး မားမားလုပ်မယ်ဆိုရင် ထိုကိရိယာက အလိုလျောက်ဒဏ်ခတ်မှာ ဖြစ်ပြီးတော့ ထိုကိရိယာရဲ့ စွမ်းအားက အရွယ်ရောက် အယ်ဖာတစ်ယောက် ကိုတောင်မှ မလှုပ်နိုင်တဲ့အထိဖြစ်စေ နိုင်လေတယ်။

" ထိုင် ''

ကိုလိုနယ် မားကတ်စ် က သူ့နှုတ်ခမ်းကိုဖိကာ ဟန်ကျွမ်းချွမ်ကို ကြည့်လိုက်တယ်။ စစ်ဆေးရေးခန်းထဲမှာ သူတို့၂ ယောက်ပဲ ကျန်နေခဲ့တဲ့အချိန် ရောက်တာတောင်မှပဲ ကိုလိုနယ် မားကတ်စ်က သာမန်ထက် ကွဲပြားနေတဲ့ သူ့ဒေါသကို ထိန်းထားတုံးပဲ။

ဟန်ကျွမ်းချွမ် က စစ်ဆေး ရေးခန်းကို သာမန်ကာလျံကာ ဝေ့ကြည့်လိုက်တယ်။ မျက်နှာကျက်ပေါ်က အနီရောင် အလင်းလေးကို သတိထားမိသွားတဲ့ အခါမှာတော့ ပင်ကင်မရာလေးက သးတို့ကိုစောင့်ကြည့်နေတယ်ဆိုတာ သိလိုက်ရတယ်။

" ဘာကြောင့် အပြင်ကို ကို့ဘာကိုသွားပြီးတော့ ဓားပြတွေနဲ့သွားတိုက်ရတာလဲ။ ဒါက စစ်တပ်ရဲ့စည်းကမ်းကိုချိုးဖောက်လိုက်တာပဲ''

ကိုလိုနယ် မားကတ်စ်က ပြောလိုက် တယ်။

" ကျွန်တော်က စွမ်းအင်သစ် ရှာဖွေရေးပရောဂျက်က အကြီးအကဲတစ်ယောက်လေ။ အထက်ကလူတွေကလည်း ပရောဂျက်အတွက်လိုအပ်တဲ့ အာကာသယဥ်ကိုလည်း အသုံးပြုဖို့အတည်ပြု ပေးထားပြီးသွားပြီ။ အခုပရောဂျက်မှာ စွမ်းအင်ကျောက်တုံး အသစ်တွေ လိုအပ်နေတယ်လေ။ ဘာလဲ? ကျွန်တော် ကအယ်ဖာ တစ်ယောက် အနေနဲ့ ဘယ်တုံးကများ မဟုတ်တာလုပ်ခဲ့ဘူးလို့လဲ''

ထိုအချိန်မှာပဲ ဟန်ကျွမ်းချွမ် က ထိုအကြောင်း ကို ဖြေရှင်းဖို့နည်းလမ်း ရှိထားပြီးသား ဖြစ်တာကြောင့် စစ်ဆေးရေးခန်းထဲမှာ ဘာမှ စိုးရိမ်ကြောက်လန့်မှု မရှိပဲအေးဆေး ထိုင်နေနိုင်တာပဲ ဖြစ်လေတယ်။

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now