အပိုင်း (9.3)

4.1K 509 5
                                    

[Unicode]  (9.3)

တစ်ခြား ပြောကြကြေးဆိုရင် ဟန်ကျွမ်းချွမ်က ထိုစိတ်ဓာတ်မြင့်မားပါတယ် ဆိုတဲ့အကြီးပိုင်း ဝန်ထမ်းအုပ်စုကို ကြည့်ပြီးတော့ ရယ်ချင်လာမိတယ်။ အဲ့လိုရယ်ချင်မိတာက အပြစ်ကင်းတဲ့ သားကောင်ငယ်လေးတွေကို မသနားလို့တော့ မဟုတ်ရပါပေ။

ဒါပေမယ့် သူအရင်မပြန်မွေးဖွားခင် အချိန်တုံးကဆိုရင် ဒီ့ထက်ပိုများတဲ့ စတေးခံမှုတွေနဲ့ ထိန်းမနိုင်လောက်တဲ့အထိ ဘာမှမလုပ်နိုင်တဲ့ကူကယ်ရာ မဲ့မှုတွေကို အများကြီးတွေ့ကြုံ ခံစားရခဲ့ဘူးတယ်။ ဒါ​ကြောင့်ပဲ အခုလို လူသားဆိုင်ရာ ကိုယ်ကျင့်တရားကိုတွေ့တဲ့ အခါမှာတော့ ရက်စက်တက်တဲ့သဘာဝကြီးကို သူကတော့ဖြင့် နေသားကျလို့နေခဲ့တာကြောင့် အခုလို ရုတ်ရုတ်သဲသဲ ရှုပ်ရှပ်ထွေးထွေး အခြေအနေတွေမှာ တစ်ခြားသူတွေထက် ပိုပြီးတော့ တည်ငြိမ်နေလေတယ်။

" ဒီနေ့မနက် အစောပိုင်း  ၃၅ မိနစ်နဲ့ ၄၅စက္ကန့် ကြားလေးအတွင်းမှာပဲ အင်ပါယာ စစ်တပ်က ထောက်ပံ့ရေး ယာဥ်ပျံ ၂ စီးက ကြယ်ဓားပြတွေတိုက်တာ ကို ချီလော်ဂြိုဟ်နားမှာ ခံခဲ့ရပြီးတော့ ပျက်ဆီးသွားခဲ့တယ်။ ...... ''

" ဒီဖြစ်ရပ်တွေကြောင့် အင်ပါယာအရှင်ရဲ့ ဒေါသတွေက တိုင်းတာမရတဲ့ အထိကိုတိုးသွားခဲ့တယ်လေ။ ဒါကြောင့်မို့ အဲ့ကောင်တွေကို ထိထိရောက်ရောက် ကြီးမားတဲ့ ဆုံးရှုံး ပျက်စီးမှု ဖြစ်အောင် လုပ်ဖို့အချိန်ကျပြီပဲ''

အစည်းအဝေး ပွဲမှာတော့ ကြယ်ဓားပြတွေ အနေနဲ့ စကြာဝဠာ ထဲမှာဖျက်ဆီးခဲ့တဲ့ကိစ္စတွေကို အသေးစိတ်ခွဲ ခြားမှုတွေအထိပါလုပ်ခဲ့တယ်။ ပြီးတော့ကြယ်ဓားပြတွေထဲက အတ္တလန္တိ ဆိုတဲ့ ဓားပြခေါင်းဆောင်ကလည်း သူတို့ကိုပိုပြီးတော့ ခေါင်းကိုက်စေခဲ့လေတယ်။

ပြန်လည်မမွေးဖွား ခင်တုံးကတော့ ထိုအထူးနည်းလမ်းတစ်ချို့ကို သုံးတဲ့စစ်သည်တော် တစ်စုက ဟန်ကျွမ်းချွမ်နဲ့ ဆွေးနွေးညှိုနှိုင်းဖို့ ကြိုးစား ခဲ့တာကို ဟန်ကျွမ်းချွမ် အမှတ်ရလိုက်ပါသေးတယ်။

အစည်းဝေးပွဲ ပြီးတဲ့နောက် ကိုလိုနယ်က ဟန်ကျွမ်းချွမ် ကို တားလိုက်ကာ သူနဲ့စကားပြောဖို့ သူ့ရုံးခန်းဆီလာဖို့ရာပြောလိုက်လေတယ်။ ဟန်ကျွမ်းချွမ်ကလည်း ခေါင်းငြိမ့်ကာ သဘောတူလိုက်တယ်။ သူက ကိုလိုနယ်ရဲ့ဒေါသထွက်နေတာကို မြင်နေတာကြောင့် သူ့အနေနဲ့ စကြဝဌာထဲကို မသွားခင် ရုပ်ပိုင်းဆိုင်ရာအနေနဲ့ ဖြေလျော့နှစ်သိမ့်ပေး သွားရလိမ့်မယ်။

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now