အပိုင်း (20)

3.3K 447 19
                                    

[Unicode]  (20)

အဲ့နေ့ည တုံးက အန်းမူဟာ သူ့နှလုံးသား ထဲမှာ တစ်စုံတစ်ခု ကို ဖုံးကွယ်ထား ခဲ့တာကြောင့် ကောင်းကောင်း မအိပ်နိုင်ခဲ့ပေ။ ဟန်ကျွမ်းချွမ်က အလုပ်မရှုပ်တဲ့ မနက်ခင်းပိုင်းတွေဆိုရင် အန်းမူကို အရင်ဆုံးလိုက်ပို့ပေးလိမ့် ရှိတယ်။ ဒါက အမြဲတမ်းကြီးတော့ မဟုတ်ပေမယ့် အိုမီဂါလေးကို သူ့ဘာသာသူ Bus တိုးစီး ခိုင်းတာထက်တော့ ပိုကောင်း တာပေါ့လေ။

လမ်းမှာတော့ အန်းမူက စာအုပ်ကိုကိုင်ထားရင်းနဲ့ ပြတင်းပေါက် အပြင်ကို ကြောင်အစွာငေးကြည့်နေမိတယ်။ ဒီလိုလိုက်ပို့တဲ့ အချိန်မျိုးမှာ သူကအယ်ဖာကို စကားပြောလေ့ရှိပေမယ့် အခုချိန်မှာ တော့ သူက အတော်လေးကိုတိတ်ဆိတ်သွားခဲ့တယ်။

စစ်တပ်သုံးယာဥ်က တက္ကသိုလ် ရှေ့မှာရပ်သွားတဲ့ အခါမှာတော့ များစွာသော အာရုံတွေကို ဆွဲဆောင် မိသွားလေတယ်။ ပြီးတော့ ကျောင်းသူ ကျောင်းသားတွေက အထဲကအရာရှိကြီးက ဘယ်သူလဲဆိုတာကို သိရအောင် သူတို့ခေါင်းတွေကိုမော့ကာ လိုက်ကြည့်ကြလေတယ်။

ဆယ်ကျော်သက် တွေဆိုတာ အမြဲတမ်း စပ်စုလိုစိတ် မြင့်မားကြပြီးတော့ ကားထဲက အရပ်ရှည် ရှည် နဲ့ ဆွဲငင်နိုင်တဲ့အသွင်အပြင် ရှိတဲ့လူကို ငေးမော ကြည့်နေကြလေတယ်။

ကားထဲက လေထုကတော့ အပြင်ဘက်က အခြေအနေ နဲ့ လုံးဝကိုကွဲပြားနေခဲ့တယ်။ အတော်လေး ကို တိတ်ဆိတ်နေခဲ့တာပဲ။ ကားထဲက ထွက်ရမယ့် အိုမီဂါလေးကလည်း အခုအချိန်အတော်ကြာ တဲ့အထိမလှုပ်သေးပေ။

ထိုပုံစံဟာ အန်းမူ တစ်ယောက် သူ့နှလုံးသားထဲမှာ ပြောလိုတာ တစ်စုံတစ်ခု ရှိရင်ဖြစ်တက်တဲ့ ပုံမျိုးပဲ ။ ဒါပေမယ့် သူက ထုတ်မေးဖို့မသင့်တော်ဘူး လို့ခံစားမိတယ်။ အန်းမူကတော့ ဟန်ကျွမ်းချွမ်ကို စိတ်အား ထက်သန်စွာ စိုက်ကြည့်ရင်း မေးဖို့လုပ်လိုက်တယ်။

" ဒီနေရာမှာ ရောက်ပြီ ''

ဟန်ကျွမ်းချွမ်က မျက်ခုံးတွေပင့်ကာ သူတို့ကားဘေးက ဖြတ်သွားတဲ့ ငယ်ရွယ်တဲ့လူတွေကို တစ်ချက်ကြည့်လိုက်တယ်။ သူ့မျက်စိရှေ့ကနေ ဖြတ်သွားတဲ့ မျက်နှာအများကြီးကို တွေ့လိုက် ရတော့ သူ့ခမျာ နည်းနည်း တောင်မူးဝေ သွားသလိုတောင် ခံစားလိုက်ရတယ် ။

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now