အပိုင်း (38. 1)

2K 263 6
                                    

(38. 1)

ညနေခင်းမှာတော့ စစ်တပ်ဌာနက နီကိုလ်းဂြိုဟ်ပေါ်မှာ စောင့်ကြပ်ပေးမယ့် အရာရှိခေါ်စာကို ထုတ်ပြန်တဲ့အခါမှာတော့ ဟန်ကျွမ်းချွမ် လုံလောက်သွားခဲ့ပါပြီ။

သူက နက်ရှိုင်းစွာတွေးပြီးတော့ လောင်ဟီတုန်ကို ကြည့်လိုက်တယ်။ အခုချိန်ထိ ထိုလူက သူ့ရုံးခန်းထဲကနေ ထွက်မသွားသေးပါဘူး။ ဒါကြောင့် ဟန်ကျွမ်းချွမ် က မျက်မှောင်ကြုတ် လိုက်တယ်။

'' ခများကြီးရဲ့ ခြေထောက်ကို ဆိုဖာဘောင်ပေါ် တင်ထားတာ ချလိုက်စမ်းပါ''

လောင်ဟီတုန်က ချက်ချင်းထထိုင်ကာ ဆက်သွယ်ရေး စက်က မက်ဆေ့ချ်ကို ဖွင့်လိုက်ပြီးတော့ သူ့ရဲ့ နှုတ်ခမ်း ထောင့်တွေက ကော့တက်သွားတယ်။

'' ကိုလိုနယ် ဘယ်သူက သွားလို့ရှိရင် ကောင်းမယ်လို့ မင်းထင်လဲ? ''

'' ကျုပ်လည်း မသိဘူးလေ။ ပြီးတော့ သွားရမယ့် သူက လုံးဝကျုပ်တော့ မဖြစ်စေရဘူး ''

ဟန်ကျွမ်းချွမ်က ခုံပေါ်ကနေ အသံမြည်အောင် ထလိုက်ပြီးတော့ သူ့ရဲ့ အရမ်းစိတ်အနှောက် အယှက်ဖြစ်နေကြောင်းကို ပြတ်ပြတ်သားသား ပြသလိုက်တယ်။

ဟန်ကျွမ်းချွမ်လည်း အိမ်ကိုပြန်တဲ့အချိန်မှာ လောင်ဟီတုန် က သူ့အနောက်က နေ လိုက်လာခဲ့တယ်လေ။ သူ့အနောက်ကနေ တက်ကြွစွာ လမ်းလျောက်ပြီးတော့ပေါ့။ အမြဲ လိုက်လံ နှောင့်ယှက်ခံရတဲ့အတွက် ဟန်ကျွမ်းချမ်က ရပ်တန့်ကာ မေးလိုက်တယ်။

'' ခများက ကျုပ်နဲ့ ဘာအလုပ်ရှိနေသေးလို့လဲ ''

'' မင်းရဲ့ အိမ်ကိုပြန်ပြီးတော့ အိပ်မယ်။ ပြီးတော့ မနက်ဖြန်အလုပ် ပြန်လုပ်မယ်။ ငါအရင်က အလေလိုက်နေခဲ့တဲ့ ဘဝလိုမျိုးပဲပေါ့ ''

လောင်ဟီတုန်က ကပ်အားပြင်းတဲ့ ပီကေလိုပဲ တစ်ခါကပ်ခံလိုက်ရတာနဲ့ ခွာချလို့ မရတော့ပေ။

'' ငါတို့မှာ အများဆိုင်တဲ့ တစ်စုံတစ်ခုရှိတယ်လေ။ ဒါကြောင့် ငါတို့က ရွာထဲက လာတဲ့သူတွေ လို့သတ်မှတ် လို့ရတယ်လေ။ ''

အတိတ်ကနေ အနာဂတ်ကို ပြန်ရောက်လာရင်လည်း တစ်ရွာထဲကပဲလို့ ပြောလို့ရတာလား? ?

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now