အပိုင်း ( 46. 2)

1.8K 237 2
                                    

(46. 2)

'' ဟုတ်ပြီ။ ကိုယ့်မှာ အချိန်ရှိရင် မင်းဆီကို ဆက်သွယ်လိုက်မယ်လေနော် ''

ဟန်ကျွမ်းချွမ်က နှစ်သိမ့်လိုက်တယ်။ ဒါပေမယ့် သူ့ရဲ့စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်းကြီးကို သိနေပါတယ်။ တကယ်လို့ စစ်ပွဲသာ စတင်လာရင် သူ့ရဲ့ လှုပ်ရှားမှု မှန်သမျှကို အနီးကပ် စောင့်ကြည့်ခြင်း ခံရမယ်ဆိုတာကိုပေါ့။ သူသာ အန်းမူကို ကိစ္စတွေထဲ မပါဝင်စေချင်ရင် သူနဲ့ အဆက်အသွယ် လုပ်တာ လျော့သင့် သလို လုံးဝအဆက်အသွယ် မလုပ်တာမျိုးလည်း ဖြစ်ရပါ့မယ်။

အရှင် လူးဝစ် ဆူဗယ်လီက အန်းမူရဲ့ တည်ရှိမှုကို မေ့လျော့သွား ပါစေ။

အဲ့လိုမျိုး မျှော်လင့်ပေမယ့်လည်း အဲ့လိုမဖြစ်နိုင်တာ ဟန်ကျွမ်းချွမ် သိတယ်။ ဒါပေမယ့် မျှော်လင့်ချက် အနည်းငယ်လောက်တော့ ရှိနေမိတယ်။

သူ့ရဲ့ အိုမီဂါလေးကို သူလက်မလွတ်နိုင်ပါပေ။

ကောင်ငယ်လေး က ဟန်ကျွမ်းချွမ်နဲ့ ခွဲရတော့မှာ မလို့ အတော်လေး စိုးရိမ်ပူပန် နေခဲ့တယ်။

ဂရုတစိုက် နှစ်သိမ့်ပေးခြင်း ခံရပြီးတာ တောင်မှပဲ သူ့ကို ကြည့်ရတာ တင်းမာပြီးတော့ ကြောက်လန့်နေကာ အစားအစာ ကို အရသာမဲ့စွာ စားနေမိတယ်။ သူ့ပါးစပ်ထောင့်လေးမှာ ဆော့စ်တွေ ပေနေတယ် ဆိုတာကို တောင် သတိမထားမိပဲနဲ့ပေါ့လေ။

တံခါးခေါက်သံ ပေါ့ပေါ့ပါးပါးလေးကို ကြားတော့ ဇွန်းနဲ ခရင်းကိုင်ထားတဲ့ အန်းမူ​က လန့်သွားပြီးတော့ လွှတ်ချလိုက်မိတယ်။ ငွေဇွန်းတွေနဲ့ တရုတ်ကြွေထည် ပန်းကန် တိုက်မိသွားတဲ့ အသံက အရမ်းကိုကျယ်လောင် နေပြီးတော့ ချက်ချင်းပဲ ပန်းကန်ရဲ့ အနားက ပဲ့ကျသွားလေတယ်။

ကောင်ငယ်လေး က ထိုပဲ့ကျသွားတဲ့ အပိုင်းလေးကို စိုက်ကြည့်နေရင်း မမျှော်လင့်ပဲ ကောက်ကိုင်လိုက်တယ်။ ချွန်ထက်နေတဲ့ ပန်းကန် အပိုင်းအစက အန်းမူရဲ့ လက်ထဲ နစ်ဝင်သွားတာကြောင့် ဟန်ကျွမ်းချွမ် မြန်မြန်ထကာ အန်းမူလက်ကို သူ့လက်နဲ့ဆွဲပြီးတော့ လက်မှာစူးနေတာကို အမြန် အဝေးဆီ ဆွဲထုတ်လိုက်လေတယ်။ 

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now