အပိုင်း (44)

1.7K 224 0
                                    

(44)

လောင်ဟီတုန်က အခန်းထဲကို အရင်ဆုံး ပြန်ဝင်သွားပြီးတော့ ဧည့်ခန်းထဲမှာ ဟန်ကျွမ်းချွမ်နဲ့ အန်းမူကိုသာ ချန်ထားခဲ့လေတယ်။ ကောင်ငယ်လေး ကတော့ ဟန်ကျွမ်းချွမ်ကို ဖြောင့်တန်းစွာ ကြည့်နေပြီးတော့ တစ်စုံတစ်ခုပြော လာဖို့ကို စောင့်နေခဲ့တယ်။

သူ့ရဲ့ နှာခေါင်း တစ်ခုလုံး မရင်းနှီး တဲ့ ရေမွှေးနံ့တွေနဲ့ ဆေးရွက်ကြီးအနံ့တွေ ပြည့်နေခဲ့တယ်။ ထိုဟာ ကပဲ အန်းမူကို အလွန်အမင်း ခံစားချက် လှုံ့ဆော်နိုင် ပြီးတော့ မသိလိုက်ပါပဲနဲ့ ဟန်ကျွမ်းချွမ်ရဲ့ အင်္ကျီကို ဆုပ်ကိုင်ထားလိုက်မိတယ်။

ဟန်ကျွမ်းချွမ် ကကောင်လေး ရဲ့ ပုခုံးကိုကိုင်ကာ အိပ်ခန်းထဲကို အရင်ဆုံး ပြန်ခေါ်သွားလိုက်တယ်။ ထိုကိစ္စကို အလေးအနက်မထားပဲ သူများလင်မယားကြား ဝင်ချွန်သွားတဲ့ လောင်ဟီတုန်က သူ့အခန်းထဲကနေ ချောင်းကြည့်နေပြီးတော့ ဟန်ကျွမ်းချွမ်တစ်ယောက် ကိုယ့်ဘာကို အရူးလုပ်မိမှာ စောင့်ကြည့်နေမယ်မှန်း ဟန်ကျွမ်းချွမ် အလိုလိုသိလေတယ်။

ကောင်ငယ်လေး ကတော့ ကောင်းမွန်စွာ ပြုမှုပြီး အိပ်ခန်းထဲကို ပြန်လိုက်လာ ခဲ့တယ်။ ဒါပေမယ့် သူ့လေးရဲ့ မျက်နှာကတော့ တုံ့ဆိုင်းနေကာ သိသိသာသာကြီး ဒေါသထွက်နေခဲ့ပါတယ်။

အန်းမူ က အိပ်ယာပေါ်မှာ လုံးဝထပ်ပြီး မထိုင်တော့ပေ။ သူက အခန်းထဲမှာ ရှိတဲ့ တစ်ယောက်ထိုင်ဆိုဖာလေး ပေါ်မှာ ကိုယ်ကိုကွေးထိုင်နေပြီးတော့ ဟန်ကျွမ်းချွမ်နဲ့ အကွာအဝေးတစ်ခု ခြားထားလိုက်ပြီ ပဲ ဖြစ်လေတယ်။ ဧည့်ခန်းထဲမှာ အခုလေးတင် ဖြစ်ပျက် ခဲ့တာကို သူလုံးဝမကျေနပ်ကြောင်း အသံတိတ် ဆန္ဒ ပြနေခဲ့ပါတယ်။

တဖြေးဖြေးနဲ့ ဟန်ကျွမ်းချွမ် သိလာတာက တကယ်လို့ ကောင်ငယ်လေးကို မင်းကလျစ်လျူရှုထား ပါက သူကမင်းနားကို ကပ်တွယ်ပြီးတော့ သနားစရာ အမူအရာလေးနဲ့ မင်းဘာလုပ်ခဲ့ သလဲဆိုတာကိုချော့ မော့မေးပါလိမ့်မယ်။

တကယ်လို့များ မင်းကသာ သူ့ရဲ့အတွေးတွေကို ရှင်းပြဖို့ ရည်ရွယ်ချက်ရှိနေတာကို သူတွေ့သွားလို့ ကတော့ သူက အလိုလိုက်ခံထားရတဲ့ ကလေးလိုမျိုး မင်းကို အထင်သေးစွာ ကြည့်ပြီး သူလုံးဝစိတ်မကျေမနပ် ဖြစ်နေပါတယ် ဆိုတဲ့ ပုံစံကို ​ဖော်ပြထားမှာပဲ ဖြစ်လေတယ်။

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now