အပိုင်း (5.3)

5.8K 833 12
                                    

[Uincode] (5.3)

သူတို့ ၂ ဦးက ၁၀ နှစ်တာ လက်တွဲဖော်တွေ ဖြစ်ခဲ့ကြပေမယ့် သိသိသာသာ ကြီးကို သူဟာ အန်းမူအပေါ်ကို လုံးဝမကောင်းခဲ့ပါဘူး။ ပိုပြီးဆိုးသွားတာက သူဟာ မာရှယ်ဖြစ်သွားတဲ့အချိန်ပါပဲ။ အိမ်မှာမရှိတဲ့ အချိန်တွေက များလွန်းလို့ အန်းမူထက်စာရင် သူ့နောက်ကိုလိုက်တဲ့ သူ့လက်ထောက် ကိုပိုပြီးမှတ်မိနေသေးတဲ့အထိပဲ။ သူတို့ အဲ့လောက်ထိတောင် ဝေးကွာခဲ့ကြတာ။

အန်းမူကလည်း အဲ့ကတည်းက အေးအေးဆေးဆေး တိတ်တိတ်ဆိတ်ဆိတ် လေးပဲနေတဲ့ ပုံပေါ်တယ် ။ ဟန်ကျွမ်းချွမ် က သူ့ကို ဘာပဲလုပ်နေပါစေ ဒါမှမဟုတ် သူ့ကို ဘယ်လောက်ပဲ ခံစားရအောင်လုပ်နေ ပါစေ သူကအမြဲတိတ်တဆိတ်ပဲနေလိမ့်မယ်။ နာကျင်မှုနဲ့ ဒေါသထွက်မှုတွေက သူ့စိတ်ထဲမှာပေါ်လာမှာမဟုတ်ဘူး။

( စိတ်ခံစားချက် များရင်အသက်ရှုခက်တဲ့ ရောဂါရှိတဲ့လူကို ဒေါသထွက်အောင် လုပ်နေတယ်ပေါ့ မအေဘေးရဲ့💩)

ထိုအရာကို ပြန်တွေးမိတော့ မနက်က အန်းမူအကြောင်းက သူ့ခေါင်းထဲကိုဝင်လာပြန်တယ်။ တကယ်လို့ သူသာစောစောမနိုးပဲ အန်းမူကို သာမရှာခဲ့ရင် ဆီပူမှန်ရုံတင်နဲ့ ပြီးသွား မှာမဟုတ်လောက်ဘူး။ အဲ့အကြောင်းတွေ ကိုတွေးလေလေ ဟန်ကျွမ်းချွမ် တစ်ယောက် စိတ်ထဲမှာ အကြောက်တရား တွေပိုများလာလေလေပဲ။ အရင်ဘဝက သူ့အိုမီဂါလေး ကို မျက်မြင်ဆုံးရှူံးခဲ့ရတဲ့ အကျိုးဆက်ဖြစ်ဟန်ပဲ။

ပြန်လည်မွေးဖွား လာတယ်ဆိုတာက မလုပ်လိုက်ရတဲ့ ကိစ္စရပ်တွေကို ပြန်လည်ပြင်ဆင်ဆောင်ရွက်ဖို့ ဆိုတာကို သူသိတယ်။ ဒါပေမယ့် သူက အခုအချိန်တွေမှာ စိတ်ဓာတ်တွေပဲ ထိုးကျနေခဲ့တယ်။

အလုပ်ဆင်းချိန် နီးကပ်လာတာမို့ ကိုလိုနယ် မားကတ်စ် က ဟန်ကျွမ်းချွမ် ရဲ့ရုံးခန်းတံခါးကို ခေါက်ကာ အထဲကိုဝင်လာပြီးတော့ စားပွဲပေါ် ကိုကွတ်ကီးအထုပ် ပစ်တင်ပေးလိုက်တယ်။

ဟန်ကျွမ်းချွမ် က သူ့မျက်လုံး တွေကိုမြှင့်ကာ ထိုအထုတ်ကိုယူကြည့်လိုက်တော့ ထိုအထဲမှာ ကာတွန်းရုပ်ပုံများစွာ ရိုက်နှိပ်ထားတဲ့ ဘီစကပ်အချပ်တွေ အများကြီး ကိုတွေ့လိုက်ရတယ်။ ထိုအထုတ်ကို ဖဲပြားလေး စည်းထားပေးတဲ့ ပုံက ဟန်ကျွမ်းချွမ် အတွက်တော့ အရမ်းကို စိတ်ကူးယဥ် ဆန်နေသလိုပဲ။

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now