အပိုင်း (47)

2K 238 2
                                    

(47)

'' ဒီအထဲမှာ ဘာစောင့်ကြည့်ရေး ကိရိယာမှ မရှိဘူး ''

ဟန်ကျွမ်းချွမ်က ထိုင်ခုံပေါ်မှာ ထိုင်ကာ အိမ်ထဲမှာ စောင့်ကြည့်ရေး ကိရိယာအသေးလေးများ ရှိလေမလားလို့ လိုက်ရှာ​နေတဲ့ အစ်ရှ်ဟ ကို ပြောလိုက်တယ်။

'' ထိုင်ပါအုံး။ ပြီးကျရင် ကောင်းကောင်း ဆွေးနွေးကြတာပေါ့လေ ''

အစ်ရှ်ဟ ရဲ့ ပုခုံးတွေက ပြေလျော့သွားကာ ခုံကိုဆွဲ ပြီးတော့ ဝင်ထိုက်လိုက်တယ်။ သူ့ရဲ့ ခြေထောက်တွေ ကတော့ သဘဝအတိုင်း ခြေချိတ်လိုက်တယ်။ သူ့ရဲ့ အပြာရောင် မျက်ဝန်းတွေက ဦးထုတ်ရဲ့ လျှာထိုးနေရာ ကနေအထိ ဖုံးကွယ်ထားတာကြောင့် အတော်လေးကို ကြည့်ရတာ နက်ရှိုင်းဟန် ပေါ်လေတယ်။ ပုခုံပေါ်ကို ရောက်ခါနီး ရွှေရောင် ဆံနွယ်တွေကလည်း အကြောင်း အရာတစ်ချို့ကြောင့် ညှပ်ထားခြင်းခံရလေတယ်။

ဒါက စည်းမျဥ်းထဲက အထိတော့ မတိုပေမယ့် အစ်ရှ်ဟ အတွက်ကတော့ အတော်လေး တိုနေပြီလို့ ပြောလို့ရပါတယ်။

'' မင်းနဲ့ ငါကအတူတူ နီးလ်ကို ပြန်ဖမ်းခေါ် ဖို့ လာပြောတာပဲ ဖြစ်ရမယ်။ ဒါပေမယ့် သူက ငါနဲ့နီးလ်ကြားက ဆွေမျိုးနီစပ် ဆိုတဲ့ အကြောင်းကို အခြေခံ ပြီးတော့ သူက ငါ့ကို အရှက်ရစေချင်နေတာလေ''

ဟန်ကျွမ်းချွမ် က သူ့ရဲ့ လက်ချောင်းတွေနဲ့ စားပွဲကို စည်းချက်ကျကျ ခေါက်နေခဲ့တယ်။ သူက ထိုစကားဝိုင်းကို ဘယ်လိုမျိူး ရင်ဆိုင်ရမလဲ ဆိုတာ တွေးတော နေတယ်လို့ ညွှန်ပြတဲ့ သဘောပေါ့လေ။

'' နီးလ်ကို ရပ်တန့်ဖို့ မင်းကို ငါ လွတ်ဖို့ကတော့ တကယ်မဖြစ်နိုင်တာ ပဲကွ။ သူက ကီရှန်ဂြိုဟ်ကို ပြန်ရောက်မှ ဖြစ်မယ်''

အန်းမူရဲ့ လုံခြုံရေး အတွက်သာ ဆို ဟန်ကျွမ်းချွမ်က အင်ပါယာက လူတွေကို လက်လွှတ် ရလည်း ဖြစ်တယ်။ ပြီးတော့ ပြောလိုက်တယ်။

'' အင်ပါယာက အခုဆို ဖရိုဖရဲ ဖြစ်နေပြီးတော့ စစ်တပ် ကလည်း တစ်ကိုယ​ကောင်း ဆန်နေတာပဲလေ။ အတုအယောင် တွေပဲ ။ မာရှယ် အစ်ရှ်ဟ မင်းစစ်တပ်ထဲ စဝင်လာတဲ့ အချိန်တုံးက ကျမ်းကျိန်ချက်ကို မေ့သွားပြီလား။ ''

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now