အပိုင်း (33.1)

1.8K 309 5
                                    

(33. 1)

ထိုညကတော့ အကုန်လုံး လုံးဝ အိပ်ရေးပျက်တဲ့ ညပါပဲ။ ဆရာဝန် တွေ ကလ​ည်း မနက်ခင်းမလင်း ခင်အထိ ဓာတ်ခွဲခန်းထဲ ကနေ ထွက်မလာခဲ့ပါပေ။

ဟန်ကျွမ်းချွမ်က ထရပ်ကာ သူ့ရဲ့ စစ်တပ်ယူနီဖောင်း ကို ပြန့်အောင် ဆွဲဆန့်လိုက်တယ်။  သူက ရေချိုးခန်းထဲ ကို ဝင်ကာ သူ့ရဲ့ လွန်ခဲ့တဲ့ ရက်ပေါင်း များစွာက မသန့်စင် ရသေးတဲ့ အရာတွေကို ရှင်းလင်းပြီးတော့ ဆေးကြောကာ သန့်သန့်ရှင်းရှင်းဖြစ်မှ အပြင်ကို ထွက်လာခဲ့လေတယ်။

'' ကိုလိုနယ် အကုန်လုံး ရောက်နေကြပါပြီ! ''

ယန်ဟဲရဲ့ အသံက ဆက်သွယ်ရေး စက်ထဲကနေ ထွက်လာခဲ့တယ်။

'' ကျွန်တော်တို့ သီးသန့်နေရာ တစ်ခုလုံးကို ဝန်းရံ ထားပြီးပါပြီ။ ''

'' ငါအဲ့ကို ခဏနေ ကျရင် ရောက်မယ်! ''

ဟန်ကျွမ်းချွမ်က ပြန်ပြောရင်း သူ့မျက်နှာပေါ်က ရေစက်တွေ ကို သုတ်ချ လိုက်တယ်။ ဒါက ခဏလေးပဲ အချိန်လိုတာပါ ။ ခဏလေးပဲ အချိန်ဆွဲထားရမှာ။

စမ်းသပ်မှု လုပ်ငန်းစဥ်က တင်းကြပ်တဲ့ အချိန်ဖြစ်နေတာ မလို့ ဟန်ကျွမ်းချွမ်က ဒေါက်တာ ပုကျားကို အခု မနှောင့်ယှက်တော့ပေ။ သူလည်း ဓာတ်ခွဲခန်း ရှေ့ကခွာလာတဲ့ အချိန်မှာတော့ သူ့ရဲ့ဉာဏ်ရည်က ပိုထက်မြတ်လာတယ်။

( စိတ်တည်ငြိမ်လာတာမို့ ဉာဏ်ရည် ပိုကောင်းလာတာ ကိုပြောတာ)

ကုသရေး သီးသန့်ဆောင်ရဲ့ ပထမအောက်ထပ်မှာ ဟန်ကျွမ်းချွမ်ရဲ့ လက်အောက်က စစ်သားတွေ နေရာယူထားလေတယ်။ ဟန်ကျွမ်းချွမ် ဆင်းလာတာကို တွေ့တော့ ထိုတပ်ဖွဲ့ရဲ့ အကြီးအကဲ တဝမ် က ပြေးလာကာ နှုတ်ဆက်လိုက်တယ်။

'' စီနီယာ ကိုလိုနယ် ။ ကျွန်တော်တို့ အကုန်လုံး ရောက်ပါပြီ ''

'' သီးသန့်ဧရိယာ တစ်ခုလုံးကို ထိန်းသိမ်းထားလိုက် ''

အကုန်လုံးရဲ့ အသက်ဝင်နေတဲ့ မျက်နှာတွေကို တွေ့တော့ ဟန်ကျွမ်းချွမ်က တစ်ခဏတော့ အေးခဲသွားတယ်။

'' မင်းတို့ အကောင်းဆုံး လုပ်ဆောင်ပါ။အကုန်လုံး လုံခြုံအောင် နေပါ။  မင်းတို့ ကိုယ်တိုင်ရဲ့ လုံခြုံမှု က အရေးအကြီးဆုံး အရာပဲ ဖြစ်တယ်။ ''

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now