အပိုင်း (7.3)

5.1K 611 4
                                    

[Unicode] (7.3)

" ငါတောင် မကြောက်တာကို မင်းကကြောက်နေတာလား ''

ကိုလိုနယ်က ဟန်ကျွမ်းချွမ် ရဲ့ ကလေးဆန်စွာပြုမှုတာကို လျစ်လျူ ရှုလိုက်ပြီးတော့ ဟန်ကျွမ်းချွမ် လက်ထဲက စာရွက်စာတမ်းတွေ ကိုပြန်သိမ်းယူကာ ဖိုင်တွေထဲပြန်ထည့်လိုက်ပြီးတော့ ချိတ်ပိတ်လိုက်လေတယ်။

ထိုအနီရောင် ပိတ်သိမ်းစာချုပ်တွေ အတွက်ကတော့ တကယ်လို့သူတို့သာ ကိုယ်ရေးကိုယ်တာ အရ သုံးမှာမဟုတ်ရင်ထုတ်ဖို့ နိုင်ငံတော်က ခွင့်မပြုလေဘူး။ တကယ်လို့မင်းတို့သာ ကွာရှင်းတော့မယ်ဆိုခါမှ စစ်တပ်ရဲ့ စည်းမျဉ်း အရ နိုင်ငံတော် ရဲ့ အနီရောင် ပိတ်သိမ်း စာချုပ်တွေကို ထုတ်ယူခွင့်ရှိတာကြောင့်ပဲ ဖြစ်တယ် ။ ဒါကြောင့်မို့ ထိုဟာတွေကို မြန်မြန် သိမ်းလိုက်ပြီးချိတ်ပိတ်တာက ပိုမကောင်းသွားဘူးလား။

( သူ့မိန်းမ နဲ့ မကွာချင်လို့ အမြန်ပြန်ချိတ်ပိတ်လိုက်တာဘာ)

" အိုး ခများတောင်မှ ဘယ်သူ့ကိုမှ မကြောက် တာ ကျုပ်ကရောဘယ်သူ့ကိုများ ကြောက်နေစရာ လိုလို့လဲဗျ''

ဟန်ကျွမ်းချွမ် ကပြောရင်းနဲ့ ခုံကိုဆွဲကာ ထိုင်လိုက်တယ်။

" ကျူပ် ဒီကိုလာတဲ့ အဓိက အကြောင်း အရာက ကျူပ်မိန်းမ အန်းမူနဲ့ ပရော်ဖက်ဆာ ပေါ်လန်တို့ကို တွေ့ပေးဖို့ရာ စီစဥ်ပေးမယ့်ကိစ္စနဲ့ ပတ်သက်ပြီး တိုင်ပင်မလို့ဗျ''

" အန်းမူက သဘောတူ လိုက်ပြီပေါ့ ဟုတ်ရဲ့လား ''

ကိုလိုနယ် မားကတ်စ် ကမေးလိုက်တယ်။

" ဟုတ်တာပေါ့ ''

ဟန်ကျွမ်းချွမ်ရဲ့ အဖြေက သိပ်ပြီးတော့ မရေမရာဖြစ်နေလေတယ်။ အန်းမူက တကယ်ကြီးဒါကို လုပ်ချင်တာလားဒါမှမဟုတ် တစ်ချို့သောအကြောင်း အရာတွေကြောင့်လား ဆိုတာကိုသူတစ်ကယ်မသိပါပေ။

ဒါပေမယ့် အန်းမူရဲ့ အတွေးတွေကို နက်ရှိုင်း တဲ့အထိတူးဆွနေဖို့ မလိုအပ်ပေ။ တကယ်လို့အနာဂတ်မှာ အန်းမူကအဲ့အလုပ်လုပ်ရတာ မကြိုက်ဘူး ဆိုရင်လည်း သူကချက်ချင်းကို ပြန်ခေါ်လိုက်မှာလေ။ ရိုးရှင်းလွယ်ကူပါတယ်။

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now