အပိုင်း (39. 1)

1.9K 275 3
                                    

(39. 1)

အမည်မသိတဲ့ ထူးခြားဆန်းကြယ်မှုက သူ့ရဲ့ပတ်ဝန်းကျင်မှာ ဖိအားများစေတာကို အန်းမူခံစားမိတယ်။ လောင်ရှင်းဟုန်က ဟန်ကျွမ်းချွမ်ကို အဓိပ္ပါယ်အပြည့်နဲ့ ကြည့်လိုက်ကြတယ်။

တကယ်လို့သာ ဟန်ကျွမ်းချွမ်က မျက်လုံးနဲ့သတိ မပေးခဲ့ဘူးဆိုရင် လောင်ဟီတုန်က မင်းသားငယ်လေးရဲ့ စိတ်နှလုံးသားကို ဒီထက်ပိုပြီးတော့ နှောင့်ယှက်အုံးမှာပဲ ဖြစ်လေတယ်။

သနားစရာ ကောင်းတာကတော့ အဲ့အပုလေးကို ကာကွယ်ပေးနေတဲ့ ဟန်ကျွမ်းချွမ်က သိပ်မဝေးတဲ့ နေရာမှာရပ်နေတာပဲ။ ပြီးတော့ လောင်ဟီတုန် ကလည်း တစ်ချို့အရာတွေ လုပ်ဖို့ရာ သူ့အပေါ်ကို မှီခိုရမှာတွေလည်း ရှိသေးတယ်လေ။ ဒါကြောင့် လောင်ဟီတုန်ကပဲ ခြေတစ်လှမ်း နောက်ဆုတ်ကာ ထိုအခြေအနေကနေ အရင်ဆုံး ထွက်သွားလိုက်တယ်။

ဒုတိယ အိပ်ခန်းရဲ့ တံခါးက ပိတ်သွားလေပြီ။ အလင်းရောင် ကျန်ရှိနေတယ် ဆိုတဲ့ အခန်းက ဟန်ကျွမ်းချွမ် ရပ်နေတဲ့ အခန်းပဲကျန်တော့တယ်။ ထိုလင်းနေတဲ့ အလင်းဖျော့ဖျော့ လေးကပဲ အန်းမူကို နာကျင်တာကို ခံစားမိစေတယ်။ သူက ဟန်ကျွမ်းချွမ် ဆီကို ခက်ခဲမှုနဲ့ တစ်လှမ်းချင်း လှမ်းလာခဲ့လေတယ်။

အယ်ဖာနဲ့ ခြေလှမ်းတစ်ဝက် လောက်ပဲ ဝေးကွာသွားချိန်မှာတော့ ဟန်ကျွမ်းချွမ်က လက်တွေကို ဆန့်ထုတ်ကာ အန်းမူကို သူ့လက်မောင်း ကြားထဲမှာ ပွေ့ဖက်လိုက်တယ်။ ပြီးတော့ သူ့ရဲ့ အသံထဲမှာလည်း ပျော်ရွှင်မှုတွေ ပါနေလေတယ်။

'' ဒါက အဆင်ပြေပါတယ်။ အဲ့အကြောင်းကို မတွေးနဲ့တော့နော်။ အဲ့တာက အဲ့လောက်ထိ မရှုပ်ထွေး ပါဘူးကွာ''

ဟန်ကျွမ်းချွမ်က အန်းမူရဲ့ လက်ကို ဆုပ်ကိုင်ကာ အခန်းထဲကို ပြန်ခေါ်လာခဲ့တယ်။

အိုမီဂါလေးရဲ့ အေးစက်နေတဲ့ လက်တွေက အယ်ဖာကြီးရဲ့ လက်ဖဝါးထဲမှာ ပြိုလဲ သွားလေတယ်။ ကြည့်ရတာ တော့ အရမ်းကို နွေးလို့တူပါရဲ့။ ဒါပေမယ့် လူကတော့ အခုမှ လွတ်မြောက်လာတဲ့ လူတစ်ယောက်လိုမျိူး ကြောက်လန့်နေခဲ့တယ်။

[Complete]ပေါင့်ပေါင့်ဝေါသ အိုမီဂါ💟 Where stories live. Discover now